Connect with us

NPC

တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ် ကာကွယ်ရေး အသုံးစရိတ် ၈.၁ ရာခိုင်နှုန်း တိုးမြှင့်မည်

တရုတ်နိုင်ငံ ထျန်းအန်းမင်ရင်ပြင်၌ အလေးပြုနေသည့် တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကာကွယ်ရေးဘတ်ဂျက်အား ယခင်နှစ်က ၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်အတွင်း ၈.၁ ရာခိုင်နှုန်းသို့ တိုးမြှင့်မည်ဖြစ်ကြောင်း အမျိုးသား ပြည်သူ့ ကွန်ဂရက်သို့ မတ်လ ၅ ရက်တွင် တင်သွင်းလိုက်သည့် ဘဏ္ဍာရေး အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ကကွယ်ရေးဘတ်ဂျက်သည် ယွမ် ၁.၁၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ) ရှိမည် ဖြစ်ကောင်း မတ်လ ၅ ရက်နံနက်ပိုင်းက ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးမတိုင်မီ မီဒီယာများ ရရှိခဲ့သည့် အစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) နှင့် အမျိုးသား ဘဏ္ဍာရေး အသုံးစရိတ် တို့နှင့် ယှဉ်ပါက ကာကွယ်ရေးဘတ်ဂျက်သည် အခြားနိုင်ငံကြီးများထက် ပမာဏနည်းပါးကြောင်း ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် ပထမ နှစ်ပတ်လည် အစည်းအဝေး ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရဲဆွေ့က မတ်လ ၄ ရက်က ပြောကြားခဲ့သည်။

စစ်ဘက်ဆိုင်ရာ အသုံးစရိတ်သည်လည်း အခြားနိုင်ငံကြီးများထက် လျော့နည်းကြောင်း ကျန်းက ပြောကြားခဲ့သည်။

“ကာကွယ်ရေး အသုံးစရိတ် တိုးလိုက်မှုရဲ့ အဓိက အများစုက အတိတ်ကာလက စစ်ဘက် အသုံးစရိတ် နိမ့်ကျမှုကို အစားထိုးဖြည့်တင်းရန်ဖြစ်ပြီး စစ်ဘက် ကိရိယာများအဆင့်မြှင့်မှု၊ တာဝန်ထမ်းဆောင်သူများ၏ လူမှုဖူလုံရေး တိုးတက်စေရန်နှင့် အခြေခံ တပ်သားများ၏ ဘဝများနှင့် လေ့ကျင့်သင်ကြားရေး စတဲ့နေရာတွေမှာ အဓိက အသုံးပြုမှာဖြစ်ပါတယ်” ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.