NPC
တရုတ်နိုင်ငံသမ္မတအဖြစ် ရွေးကောက်ခံရသော ရှီကျင့်ဖိန် က အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆို
![တရုတ်နိုင်ငံသမ္မတအဖြစ် ရွေးကောက်ခံရသော ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး ၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2018/03/images_china_2018_03_17d1.jpg)
ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတအဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
သမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန် ယခုကဲ့သို့ ကျမ်းသစ္စာကျိန်ဆိုမှုသည် တရုတ်သမ္မတတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ရှီအား လက်ရှိကျင်းပဆဲဖြစ်သော ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးပွဲ ၌ မတ် ၁၇ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)