NPC
၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးပွဲ စတင်ကျင်းပ

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ပထမအကြိမ်အစည်းအဝေးပွဲအား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ မတ် ၅ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲ ဖွင့်ပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အခြား တရုတ်နိုင်ငံ ခေါင်းဆောင်များ တက်ရောက်လာကြပြီး ဝန်ကြီးချုပ် လီခဲ့ချန်က အစိုးရ၏ လုပ်ငန်းအစီရင်ခံစာတစ်စောင်ကို ဖတ်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)