NPC
၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲအား မတ် ၅ရက်တွင် စတင်ကျင်းပမည်

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)
၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲအား မတ်လ ၅ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ၁၅ ရက် နှင့် နေ့တစ်ဝက် ကြာမြင့်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ ၄ရက်တွင်ပြောကြားခဲ့သည်။
၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့ က NPC ကိုယ်စားလှယ်များသည် အစိုးရ၏ လုပ်ငန်းအစီရင်ခံစာ တစ်ခုအပါအဝင် အစီရင်ခံစာများအား ပြန်လည်သုံးသပ်ခြင်း မှလွဲ၍ တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ချက်မူကြမ်း၊ ကြီးကြပ်ကွပ်ကဲမှု ဥပဒေမူကြမ်း (Supervision Law)၊ အစိုးရအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တစ်ခု နှင့် ပတ်သက်၍ အလေးအနက်ထား ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ပေကျင်းမြို့ ၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ကျန်းက NPC ကိုယ်စားလှယ်များသည် နိုင်ငံတော်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များကိုလည်း ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲသည် မတ်လ ၂၀ ရက် နံနက်ပိုင်းတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)