Connect with us

Africa & Middle East

အာဖဂန်နစ္စတန်အတွက် စာနာထောက်ထားမှု အကူအညီပေးရေးတွင် မှန်ကန်သောဦးတည်ချက်ပေါ်တွင် ခိုင်မာစွာ ရပ်တည်သင့်ကြောင်း တရုတ်ကိုယ်စားလှယ်ပြောကြား

ဒီဇင်ဘာ ၁၅ ရက်က အာဖဂန် Mazar-i-Sharif ရှိ ဒေသတွင်းလုပ်ငန်းမှပေးအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့များကို ဒေသခံဆရာ၊ဆရာမများက လက်ခံနေစဉ် (ဆင်ဟွာ)

ကုလသမ္မဂ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၏ လက်ရှိအခြေအနေသည် အရေးကြီးသည့်အဆင့်သို့ ရောက်ရှိနေကြောင်း၊ အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း လျော့နည်းစေရန်၊ စီးပွားရေးတည်ငြိမ်ရေးနှင့် ပြန်လည်နလထူရန် ကူညီပေးခြင်းသည် အရေးကြေီးသော လုပ်ငန်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ကူညီသည့် လူသားချင်းစာနာ ထောက်ထားမှု ပစ္စည်းများကို ဒီဇင်ဘာ ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာတွင်တရုတ်ကြက်ခြေနီအဖွဲ့မှ ကူညီသည့် လူသားချင်းစာနာ ထောက်ထားမှု ပစ္စည်းများကို ဒီဇင်ဘာ ၂၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ကူညီသည့် လူသားချင်းစာနာ ထောက်ထားမှု ပစ္စည်းများကို ဒေသခံများ လက်ခံနေသည်ကို ဒီဇင်ဘာ ၂၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကုလသ္မဂလုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် အမှတ် ၂၆၁၅ ကို ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုလိုက်ကြောင်း၊ ယင်းအတည်ပြုချက်တွင် အာဖဂန်နစ္စတန်အတွက် အခြေခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် အခြားလိုအပ်ချက်များကို ပံ့ပိုးပေးသည့် လုပ်ဆောင်မှုများသည် လုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်းမရှိကြောင်း သိရသည်။

ကျင်းကျွင်းက မဲခွဲဆုံးဖြတ်ပြီးနောက် မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။အာဖဂန်နစ္စတန်အတွက် စာနာထောက်ထားမှု အကူအညီပေးရေးတွင် မှန်ကန်သောဦးတည်ချက်နှင့် လမ်းကြောင်းပေါ်တွင်ခိုင်မာစွာရပ်တည်သင့်သည်ဟု တရုတ်နိုင်ငံက အမြဲယုံကြည်ကြောင်း ၊ ယခုဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ခြင်းသည် အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုးလုပ်ဆောင်ခြင်းနှင့် ပတ်သက်သည့် သံသယနှင့်အတားအဆီးများကို လုံးဝရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ကျင်းကျွင်းက ဤဆုံးဖြတ်ချက်သည် ပိတ်ဆို့နေသော ရေပိုက်ခေါင်းများကိုသာ ပြုပြင်နိုင်ခဲ့ပြီး ရေပိုက်တွင်း ရေဖြည့်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အတူတာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် အဓိက အလှူရှင်နိုင်ငံများအနေဖြင့် ကူညီပံ့ပိုးမှုကို တိုးမြှင့်ဆောင်ရွက်ပြီး ငွေကြေးအကူအညီများ တက်ကြွစွာ ပံ့ပိုးပေးရန်နှင့် အာဖဂန်နစ္စတန်၏ လက်ရှိအကျပ်အတည်းကို ဖြစ်ပေါ်စေသည့် နိုင်ငံအနေဖြင့် ဦးဆောင်ရန် ပိုမိုတာဝန်ရှိပြီး အဓိကတာဝန်ယူသင့်ကြောင်း တရုတ်ကတိုက်တွန်းပြောဆိုသည်။

ကျန်းကျွင်းက အာဖဂန်နစ္စတန်ရင်ဆိုင်နေရသော စီးပွားရေးအကျပ်အတည်းသည် ပို၍အခြေခံကျသောပြဿနာဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်၏ လက်ရှိစီးပွားရေး ငွေကြေးစီးဆင်းမှု မလုံလောက်သဖြင့် စီးပွားရေးပြိုလဲမှုလုနီးပါးအခြေအနေ သို့ရောက်ရှိနေကြောင်း၊ အာဖဂန်နစ္စတန်၏ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေလျှော့ပေးရန် တရုတ်က ထပ်မံ တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီသည် အရေးပေါ်အခက်အခဲများအတွက်သာ ဖြေရှင်းနိုင်ပြီး အာဖဂန်နစ္စတန်၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ထူထောင်ရန် ကူညီပေးခြင်းသည် အခြေခံကျသောနည်းလမ်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းသည် စီးပွားရေးနှင့် လူမှုရေး ပြန်လည်ထူထောင်ရေးတို့ကို မြှင့်တင်ရာတွင် ကူညီရန် အာဖဂန်တာလီဘန်တို့အား တက်ကြွစွာ လမ်းညွှန်ပြသသင့်ကြောင်း ၎င်းကဆိုသည်။

ကျန်းကျွင်းက တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်၏ ရင်းနှီးသော အိမ်နီးချင်းနှင့် စိတ်ရင်းမှန်သော မိတ်ဆွေအနေဖြင့် အာဖဂန်နစ္စတန်၏ စီးပွားရေး ပြန်လည်တည်ဆောက်ရေးတွင် ပိုမိုကောင်းမွန်သော အခန်းကဏ္ဍမှ ပါဝင်ကူညီရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ (Xinhua)

———————————-
(Chinese Version)
(国际)中方表示阿富汗人道援助应坚持正确的方向
新华社联合国12月22日电中国常驻联合国代表张军22日表示,当前阿富汗局势正处在关键阶段,帮助阿富汗尽快缓解人道危机,稳定和恢复经济是最紧迫任务。
联合国安理会当天一致通过第2615号决议,明确对阿富汗开展人道援助和其他支持基本人道需求的活动不违反安理会制裁决议。
张军在表决后发言,阐述中方立场。他说,中方始终认为,对阿人道援助应坚持正确的方向和轨道。相信随着这项决议通过,可以彻底扫清关于继续在阿富汗开展人道援助的疑问和障碍。
张军指出,这项决议只是修好了堵塞的水龙头,要让水管里装满水,还需要国际社会共同承担责任。中方呼吁国际社会特别是主要捐助国加大援助力度,积极提供资金援助。造成阿当前困局的国家更有义务率先行动,承担主要责任。
张军强调,阿富汗面临经济危机是更具有根本性的问题。阿富汗当前经济流动性严重不足,正处于崩溃边缘。中方再次呼吁尽快解冻阿富汗海外资产。
他表示,人道援助只是解决燃眉之急,帮助阿富汗恢复经济和发展才是根本之道。国际社会要同阿富汗塔利班保持接触、积极引导,帮助推进经济社会恢复和重建。
张军强调,中方作为阿富汗友好近邻和真诚朋友,将继续以实实在在的行动,为帮助阿富汗经济重建发挥更大作用。(完)
图说1- 12月15日,阿富汗教师在马扎里沙里夫领取当地企业援助的人道主义物资。新华社发
图说2-这是12月20日在阿富汗坎大哈拍摄的世界粮食计划署提供的援助物资。新华社发
图说3- 这是12月21日在阿富汗喀布尔拍摄的中国红十字会援助阿富汗红新月会的物资。新华社发
图说4- 12月20日,人们在阿富汗坎大哈领取世界粮食计划署提供的援助物资。新华社发