North America
အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၌ မွေးနေ့ပါတီအတွင်း ပစ်ခတ်မှုဖြစ်ပွားရာ လူ ၇ ဦးသေဆုံး
လော့စ်အိန်ဂျလိစ် ၊ မေ ၁၀ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် မြို့တော် ကော်လိုရာဒိုစပရင်းစ်တွင် မေ ၉ ရက် နံနက်ပိုင်းက မွေးနေ့ပါတီတစ်ခုအတွင်း သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူကြီး ၆ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သေနတ်သမားမှာလည်း အခင်းဖြစ်နေရာ၌ပင် ၎င်းကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရသည်။
ကော်လိုရာဒိုစပရင်းစ်ရဲတပ်ဖွဲ့(CSPD)က တနင်္ဂနွေနေ့ ညနေပိုင်းတွင် ထုတ်ပြန်သောကြေညာချက်တစ်ခု၌ ခန့်မှန်းခြေ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ်ခန့်တွင် ရွေ့လျား အိမ်တွင်းစားသောက်ခန်းတစ်ခု၌ သေနတ်ဖြစ်ခတ်မှုဖြစ်ပွားကြောင်း ဖုန်းခေါ်ဆိုမှု လက်ခံရရှိသဖြင့် သွားရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
“ ကျနော်တို့ရောက်သွားတော့ လူကြီး ၆ ယောက် သေဆုံးနေတာကိုတွေ့ရတယ် ၊ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ နောက်အမျိုးသားတစ်ဦးကိုတော့ ဆေးရုံပို့ပေးလိုက်တယ်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။နကဦးစစ်ဆေးမေးမြန်းချက်များ နှင့် သက်သေခံပစ္စည်းများအပေါ် စစ်ဆေးမှုအရ အဆိုပါ ပစ်ခတ်မှုသည် သေဆုံးသွားသူများထဲတွင် တစ်ဦးအပါဝင်ဖြစ်သည့် မွေးနေ့ရှင်အတွက် မွေးနေ့ပါတီအခမ်းအနားကျင်းပနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း CSPD ရဲတပ်ဖွဲ့က ဆိုသည်။
သံသယရှိသူ သေနတ်သမားမှာ သေဆုံးသွားသူများထဲက အမျိုးသမီးတစ်ဦး၏ ရည်းစားဖြစ်ကြောင်း ၊ ၎င်းသည် အခင်းဖြစ်နေရာသို့ ကားမောင်းလာပြီး အိမ်ထဲသို့လမ်းလျှောက်ဝင်ကာ သူ့ကိုသူ အဆုံးမစီရင်ခင် မွေးနေ့ပါတီထဲရှိ လူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာရှိ ကလေးငယ်ကို သေနတ်သမားက ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း ၊ ပစ်ခတ်မှုနှင့်ပတ်သက်၍ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း နှင့် အသေးစိတ်အကြောင်းအရာကို နောက်ပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ကော်လိုရာဒိုစပရင်းစ်ရဲတပ်ဖွဲ့အကြီးအကဲ Vince Niski က “ ဒီမနက်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပြောစရာစကားလုံး မရှိလောက်အောင် ထိခိုက်ခံစားရပါတယ်”ဟူ၍ ကြေကွဲဝမ်းနည်းရသည့် မှတ်ချက်စကားအချို့ကို ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြခဲ့သည်။
“ ရဲတပ်ဖွဲ့အကြီးအကဲ တစ်ဦး ၊ လင်သားခင်ပွန်းတစ်ဦး ၊ ကလေးအဖေတစ်ဦး ၊ အဖိုးတစ်ဦး ၊ ဒီလူမှုအသိုက်အဝန်းမှာနေထိုင်သူတစ်ဦး အနေနဲ့ ပြောရမယ်ဆိုရင် သူတို့ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့သူတွေ ၊ သူတို့ချစ်ရတဲ့မိဘကို ဆုံးရှုံးလိုက်ရတဲ့ကလေးတွေအတွက် ရင်နဲ့အမျှ ထိခိုက်ခံစားရပါတယ် ”ဟု ၎င်းက ဆိုသည်။
“ ခင်ဗျားတို့ အိမ်လို့ သတ်မှတ်ထားတဲ့ ဒီလိုကိုယ်ပိုင်နေရာလေးမှာ အခုလိုအဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ဘယ်တော့မှ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကော်လိုရာဒိုပြည်နယ်အုပ်ချုပ်ရေးမှူး Jared Polis ကလည်း ကြေညာချက်တစ်စောင်ထုတ်ပြန်ချက်ခဲ့ပြီး အခင်းဖြစ်အချင်းအရာအပေါ် “ အလွန်စိတ်ထိခိုက်ကြေကွဲရကြောင်း” ဖော်ပြခဲ့သည်။
“ ကော်လိုရာဒိုစပရင်းစ်မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဟာ အလွန်စိတ်ထိခိုက်စရာပါ ၊ အထူးသဖြင့် ကျွန်တော်တို့အများစုဟာ ကျွန်တော်တို့နေ့စဉ်ဘဝကို စိတ်ချမ်းမြေ့မှုတွေ ဖန်တီးပေးတဲ့ ချစ်ရသူတွေနဲ့ ပျော်ရွှင်စွာအချိန်ကုန်ဆုံးကြတယ်လေ” ဟု Polis က ကြေညာချက်တွင် ပြောကြားခဲ့သည်။(Xinhua)
—————————————
(English Version)
7 people die in birthday party shooting in U.S. Colorado
LOS ANGELES, May 9 (Xinhua) — Six adults were killed early Sunday morning when a suspect opened fire at a birthday party in Colorado Springs, a city in U.S. state of Colorado, police said, adding the suspect took his own life on scene.
The Colorado Springs Police Department (CSPD) said in a statement Sunday afternoon that they responded to a shooting call at the Canterbury Mobile Home Park at approximately 12:18 a.m. local time.
“Upon arrival, officers located six deceased adults and one adult male with serious injuries who was transported to a local hospital where he succumbed to his injuries,” the statement read.
The CSPD said that through an initial analysis of evidence and preliminary interviews they believed the mass shooting incident occurred when a birthday party was being held for one of the victims.
The suspect, a boyfriend of one of the female victims, drove to the residence, walked inside and began shooting people at the party before taking his own life.
The children at the scene were not injured by the suspect, police said, noting they were still investigating to determine a motive. More details would be released later.
Colorado Springs Police Chief Vince Niski made some emotional remarks in the statement, saying “words fall short to describe the tragedy that took place this morning.”
“As the chief of police, as a husband, as a father, as a grandfather, as a member of this community, my heart breaks for the families who have lost someone they love and for the children who have lost their parents,” he said.
“This is something you hope never happens in your own community, in the place that you call home,” he added.
Colorado Governor Jared Polis also issued a statement, saying the incident was “devastating.”
“The tragic shooting in Colorado Springs is devastating, especially as many of us are spending the day celebrating the women in our lives who have made us the people we are today,” Polis said in the statement. Enditem
Photo – The police said a birthday party was being held for one of the victims when a gunman walked in to a home in a mobile home park and opened fire.