Connect with us

Africa & Middle East

ကွန်ဂိုနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိ

ကင်ရှာဆာ ၊ မေ ၂၄ ရက်(ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)၏ အရှေ့မြောက်ပိုင်းပြည်နယ် North Kivu ၌ မတ် ၂၂ ရက် ညပိုင်းက Nyiragongo မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကွန်ဂိုနိုင်ငံ တာဝန်ရှိသူများထံမှ သိရသည်။အစိုးရပြောရေးဆိုခွင့်ရှိသူ Patrick Muyaya က ချော်ရည်များ စီးဆင်းလာခြင်းကြောင့် ထွက်ပြေးစဉ် လူ ၁၅ ဦး သေဆုံးခဲ့ရကြောင်း ဆိုသည်။
လူ ၉ ဦးမှာ ကုန်တင်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့ပြီး ၄ ဦးမှာ ဂိုမာမြို့ရှိ Munzenze ဗဟိုအကျဉ်းထောင်မှ ထွက်ပြေးရန် ကြိုးစားစဉ် သေဆုံးခဲ့ရသည့် အကျဉ်းသားများ ဖြစ်ကြောင်း နှင့် ကျန် နှစ်ဦးမှာ မေ ၂၃ ရက် နံနက်ပိုင်းတွင် မီးလောင်သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်း ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ ဂိုမာမြို့၌ မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံများအား တွေ့ရစဉ်(ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ တာဝန်ရှိသူများက မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏအား မထုတ်ပြန်သေးဘဲ အစိုးရပြောရေးဆိုခွင့်ရှိသူ Patrick Muyaya က ပျက်စီးမှုများ ဆက်လက် ဖြစ်ပေါ်နိုင်သော ယင်းနေရာ၌ မီးတောင်လှုပ်ရှားနေချိန်အတွင်း အရေးမကြီးသည့် ရွှေ့ပြောင်းသွားလာမှုများကို ရှောင်ကြဉ်ရန် ဒေသခံများအား တိုက်တွန်းထားကြောင်း သိရသည်။

ကွန်ဂိုနိုင်ငံရှိ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်၏ ရဟတ်ယာဉ်များသည် အခြေအနေကို အနီးကပ်စောင့်ကြည့်ရန် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယင်းနေရာတစ်ဝိုက်တွင် စဉ်ဆက်မပြတ် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဒေသတွင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဂိုမာမြို့၏ ပြင်ပတွင် မေ ၂၄ ရက် နံနက်ပိုင်း ဂရင်းနစ်စံတော်ချိန် ၀၃၀၀ ၊ ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်က ချော်ရည်စီးဆင်းမှုများ ရပ်တန့်သွားပြီးနောက် ဒေသခံများသည် ညပိုင်းအချိန်က စွန့်ခွာထွက်ပြေးခဲ့ရသည့် ၎င်းတို့ နေထိုင်ရာ နေအိမ်များသို့ အသီးသီး ပြန်လာခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————-
(English Version)
15 deaths after volcanic eruption in DRC: official

KINSHASA, May 23 (Xinhua) — At least 15 people have been killed after the eruption of Mount Nyiragongo volcano on Saturday night in the north-eastern province of North Kivu of the Democratic Republic of the Congo (DRC), according to the DRC authorities.

Government spokesman Patrick Muyaya said that 15 people were killed while fleeing the threats of lava.Nine people were killed in a truck rollover accident while four victims were prisoners trying to break the Munzenze central prison in Goma, the spokesman said, adding that two more people were burned to death on Sunday morning.

The DRC authorities have not yet released the assessed collateral damage caused by the eruption. Muyaya still urged residents to avoid non-essential activities while seismic activity in the area could still cause damage.

Helicopters of the UN peacekeeping mission in the DRC made constant reconnaissance flights after the eruption over the crater to closely monitor the situation.

According to local authorities, the lava flow came to a stop at around 4 a.m. local time (0300 GMT) on Sunday morning on the outskirts of Goma, while local residents started returning to their homes in abandoned neighborhoods overnight. Enditem