Connect with us

Africa & Middle East

ကွန်ဂို အနောက်ပိုင်းတွင် လူမျိုးစုအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၄၅ ဦး သေဆုံး

ကွန်ဂို ဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကင်ရှာဆာ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အနောက်ပိုင်း Mai-Ndombe ပြည်နယ်တွင် ဒီဇင်ဘာ ၁၅ ရက် မှ ၁၆ ရက်အတွင်း လူမျိုးစုအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ ၄၅ ဦးထပ်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံအစိုးရက အတည်ပြုပြောကြားခဲ့သည်။

Mai-Ndombe ပြည်နယ်တွင် ဒေသခံ လူမျိုးစုနှစ်ခုအကြား အငြင်းပွားမှုကြောင့် ပဋိပက္ခဖြစ်ပွားခြင်း ဖြစ်ကြောင်း ၊ အစိုးရမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ် ထိန်းသိမ်းခဲ့ရာ လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ယင်းပြည်နယ် ပြည်နယ်မှူးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားမှုကြောင့် အရပ်သားအများစုသည် မြစ်တစ်စင်းသာခြားထားသော ကွန်ဂိုသမ္မတနိုင်ငံ ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ၊ လက်ရှိတွင် မြစ်ဖြတ်ကူး၍ တစ်ဖက်နိုင်ငံဖြစ်သည့် ကွန်ဂို(ဘရာဇီဗဲလ်)သို့ ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည်ပေါင်း ၄၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် လူ ၃ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင်း သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.