Connect with us

Africa & Middle East

ခေတ်မီသော အစိုးရ စီမံကိန်းများအတွက် ယူအေအီးက မိုက်ခရိုဆော့ဖ်နဲ့ ပူးပေါင်း

ယူအေအီး စီမံကိန်းအတွက် နှင့် ယူအေအီး ဒုတိယ သမ္မတ ရှိတ် မိုဟာမက်နှင့် မိုက်ခရိုဆော့ဖ် စီအီးအို နတ်ဒဲလ်လာတို့ ဆွေးနွေးပွဲအပြီး လက်ဆွဲနှုတ်ဆက်နေစဉ် (အင်တာနက်)

ဒူဘိုင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ခေတ်မီ အစိုးရ ဝန်ဆောင်မှု နယ်ပယ်အတွက် အစိုးရစီမံကိန်း များ ရှေ့ဆက်တွန်းအားပေး လုပ်ဆောင်နိုင်ရန် မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းနှင့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ WAM က သတင်းထုတ်ပြန်ခဲ့သည်။

နှင့် ဝန်ကြီးချုပ်လည်းဖြစ်ကာ ဒူဘိုင်းနယ်မြေစော်ဘွားလည်းဖြစ်သူ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်တောမ် (Sheikh Mohammed bin Rashid Al Maktoum) နှင့် မိုက်ခရိုဆော့ ကော်ပိုရေး ရှင်း စီအီးအို စတ်ရာ နာရာယာနာ နတ်ဒဲလ်လာ (Satya Narayana Nadella) တို့က ယူအေအီး၏ စီမံကိန်းများအ ကြောင်း ဇန်နဝါရီလ ၄ ရက်က ဆွေးနွေးခဲ့ကြသည်။

ယူအေအီးနိုင်ငံ ဖွံ့ဖြိုးမှုနှင့် အမျိုးသား ဖွံ့ဖြိုးမှု ရည်မှန်းချက်များ ပိုမိုကြီးထွားလာရန် ဟူသော ရည်မှန်းချက်များ နှင့်အညီ အစိုးရပိုင်းဆိုင်ရာ ကဏ္ဍများတွင် ဝန်ဆောင်မှုများ တိုးမြှင့်ရန်နှင့် အစိုးရ၏ လုပ်ဆောင်မှုများတွင် အသုံးဝင်ပြီး ထိရောက်သည့် နည်းပညာ အဖြေရှာမှုများအား ရှိတ် မိုဟာမက်က ဆွေးနွေးခဲ့သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ လေ့လာမှုအရ အဓိက ရေနံ ရောင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ်ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံ ဖြစ်သော ယူအေအီးနိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက နိုင်ငံများအနက် e-governance နှင့် smart government services များ တိုးတက်မှုအရှိဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။

ယူအေအီးနိုင်ငံသားများ အနေဖြင့် ယူအေအီးနိုင်ငံ မှတဆင့် ဘိုင်အို မက်ထရစ် ပတ်စပို့ ကိုင်ဆောင်၍ လေ ဆိပ်ရှိ စမတ်ဂိတ်များမှ ဝင်ထွက် သွားလာခြင်း၊ စမတ်ဖုန်းများမှတဆင့် အသုံးဝင်သော စာချုပ်စာတမ်း အခ ကြေးငွေများ ပေးဆောင်နိုင်သည်။

မိုက်ခရိုဆော့ ကော်ပိုရေး ရှင်း စီအီးအို နတ်ဒဲလ်လာက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုအတွက် ဝန်းကျင်ကောင်းများ ထောက်ပံ့ပေးသည့် ယူအေအီးနိုင်ငံ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ဒူဘိုင်းနှင့် မိုက်ခရိုဆော့ဖ်တို့ ပူးပေါင်းခြင်းသည် လွန်ခဲ့သော ၁၅ နှစ်က မိုက်ခရိုဆော့ဖ်၏ ဒေသဆိုင်ရာရုံး ဖြစ်ခသော အင်တာနက်အခမဲ့ ဒူဘိုင်း အင်တာနက်စီးတီး နည်းပညာ စတင် ခဲ့စဉ် အချိန်သို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ မိုက်ခရိုဆော့ဖ်၏ စီအီးအို ဖြစ်လာသည့် နတ်ဒဲလ်လာသည် လာမည့်နှစ်များ အတွင်း အမေရိကန် ဘလူးချိ(ပ်) လုပ်ငန်း အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြီး အခွင့်အလမ်း သစ်များ ရှာဖွေရန် စိတ်အားထက်သန်ကြောင်း ထပ်ခါထပ်ခါ ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလ ၁၇ ရက်က ရှိတ် မိုဟာမက်က ဒူဘိုင်း ကွန်ပျူတာ အချက်အလက်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေသည် ပုဂ္ဂလိက ကဏ္ဍကို အစိုးရအချက်အလက်များ မျှဝေရန် ခွင့်ပြုမည် ဖြစ် သည်။အဆိုပါ ဒူဘိုင်း ကွန်ပျူတာ အချက်အလက်ဆိုင်ရာ ဥပဒေတွင် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ တီထွင်ဆန်းသစ်ခြင်းနှင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများ ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း ရှိတ် မိုဟာမက်က ၎င်း၏တွစ်တာ အကောင့်တွင် ပြောကြားထားသည်။ ယင်းဥပဒေသည် ဒူဘိုင်းအား Smart City ဖြစ်လာစေရန် ရည်ရွယ်ထားပြီး ယင်းကို ယခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာရန်ရှိပြီး ၂၀၂၁ ခုနှစ်တွင် Smart City အဖြစ် အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားကြောင်း ရှိတ်က ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.