Connect with us

Africa & Middle East

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ပြန်စနိုင်ရေး ကုလသမဂ္ဂ ကြိုးပမ်း

ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် စတပ်ဖန် ဒီ မစ်တူရာအား ဖေဖော်ဝါရီလ ၁၆ ရက်က သတင်းထောက်များ မေးမြန်းနေစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံရေးနှင့်ပတ်သက်၍ ဆီးရီးယား၏ ပြိုင်ဘက် အုပ်စုများ ဖေဖော်ဝါရီလ ၂၅ ရက် စေ့စပ်ဆွေးနွေး ရေး စားပွဲဝိုင်းများပေါ်သို့ ပြန်လည်ရောက်ရှိလာရေးအတွက် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် စတပ်ဖန် ဒီ မစ်တူရာ ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း ကုလသမဂ္ဂ ပြန်ကြားရေးဋ္ဌာန ညွှန်ကြား ရေးမှူး အာမတ် ဖောဇီး (Ahmad Fawzi) က ဖေဖော်ဝါရီလ ၁၆ ရက်က သတင်းသမားများအား ပြောခဲ့သည်။

စစ်မက်ဒဏ်ခံစားနေရသော ဆီးရီးယားနိုင်ငံ အခြေအနေမှာ ဆက်လက် ဆိုးရွားနေကြောင်းနှင့် ကတိကဝတ် များအား ရှေ့ဆက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဖောဇီးက ဆိုသည်။

အထူးသံ ဒီ မစ်တူရာ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်-အာဆတ်အား ဆန့်ကျင်သည့် အုပ်စုများ နှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သလို ယခုလ အစောပိုင်းက ဆွေးနွေးပွဲသို့ ရောက်ရှိလာအောင် စည်းရုံးနိုင်ခဲ့ ကြောင်း ဖောဇီးက ပြောသည်။

ထို့ပြင် ဒီ မစ်တူရာသည် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Walid al-Muallem ဦးဆောင်သည့် အဖွဲ့နှင့်အတူ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဋ္ဌာနေ ညှိနှိုင်းရေးမှူး Yacoub El Hillo တို့နှင့် ယနေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) တွင် တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာ၌ စစ်တပ်ဝန်းရံထားသည့် ဧရိယာအတွင်းသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ရေး၊ ဆီးရီးယား နိုင်ငံသား တစ်ဦးချင်းထံသို့ အထောက်အပံ့များ ရောက်ရှိရေး စသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ဒီ မစ်တူရာက ရှင်းပြခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဂျီနီဗာ၌ နိုင်ငံတကာ ဆီးရီးယား ထောက်ပံ့ရေးအဖွဲ့ (ISSG) ကိုယ်စား လှယ်များ ပါဝင်သည့် ဒုတိယ အကြိမ်မြောက် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းအဖွဲ့ နှစ်ခု တွေ့ဆုံရန် ရှိကြောင်း ဖောဇီက အတည်ပြုပြောကြားလိုက်သည်။

အဆိုပါ အစည်းအဝေးတွင် ဆီးရီးယားတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိရန် ခက်ခဲသည့် ဧရိယာ အတွင်းရှိ ပြည်သူ ၄.၅ သန်းထံ အကူအညီ ပေးပို့ခြင်းနှင့် ပက်သတ်၍ စိန်ခေါ်မှုနှင့် လုပ်ထုံး လုပ်နည်းများအား ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.