Connect with us

Africa & Middle East

မာလီတွင် ဖြစ်ပွားခဲ့သည့် UN စခန်းတိုက်ခိုက်ခံရမှုကြောင့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၂ဦး ထပ်မံသေဆုံး

မာလီနိုင်ငံ ရှိ ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဓာတ်ပုံ-internet)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

မာလီနိုင်ငံ တွင် ဖေဖော်ဝါရီလ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည့်ကုလသမဂ္ဂစခန်း တိုက်ခိုက်ခံရမှုကြောင့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူဦးရေသည် ၇ဦးထိရှိခဲ့ပြီး အားလုံးသည် ဂီနီနိုင်ငံသားများ ဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ဂီနီနိုင်ငံ သမ္မတ အယ်ဖာ ကွန်ဒီ အား ဝမ်းနည်းကြောင်း ဖုန်းဆက်ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂ ဒုတိယပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ် Mohamed Saleh Annadif သည် ကျဆုံးသွားသည့် ဂီနီနိုင်ငံသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် လေယာဉ်ဖြင့် ဂီနီနိုင်ငံသို့ သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း Haq ကပြောကြားခဲသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ငါးဦးသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကုလသမဂ္ဂစခန်း အား စိန်ပြောင်းများ၊ သေနတ်များဖြင့် တိုက်ခိုက်ခံရမှု တွင် သေဆုံးခဲ့ကြောင်း မာလီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးမစ်ရှင် (MINUSMA) ၏ပြောရေးဆိုခွင့်ရှိသူ Olivier Salgado က ပြောကြားခဲ့သည်။

မာလီနိုင်ငံရှိ ကုလသမဂ္ဂစခန်းအား ကုလသမဂ္ဂ က မာလီနိုင်ငံ တွင် အကြမ်းဖက်မှု များ အဆုံးသတ်နိုင်ရန် ၂၀၁၂ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.