Africa & Middle East
ဆီးရီးယား အရှေ့မြောက်ပိုင်း ရှိ မုန့်ဖုတ်ဆိုင် အနီးပေါက်ကွဲမှုဖြစ် ၁၆ ဦး သေ
ဒမတ်စကက်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း al-Hasakah ပြည်နယ် ရှိ မုန့်ဖုတ်ဆိုင် အနီးတွင် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ဆိုင်ကယ် တစ်စီး ပေါက်ကွဲခဲ့၍ လူ ၁၆ ဦး သေဆုံးခဲ့ပြီး ဆယ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စောင့်ကြည့်ရေး အဖွဲ့တစ်ခုက ပြောကြားခဲ့သည်။
၎င်းက ပေါက်ကွဲမှုသည် Salhiyeh ဒေသအနီး ရှိ မုန့်ဖုတ်ဆိုင်နားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာ အခြေအနေ ပြင်းထန်သူများစွာ ရှိခဲ့ကြောင်း ပြောသည်။
တစ်ချိန်တည်းမှာပင် SANA သတင်းဋ္ဌာန က ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦး ရှိကြောင်း ဖော်ပြခဲ့သည်။
IS အစွန်းရောက် အုပ်စုနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ငါးနှစ်တာကာလအတွင်း Al-Hasakah ပြည်နယ် သည် ဗုံးခွဲ တိုက်ခိုက်မှုများကြောင့် လူများစွာ သေဆုံးခဲ့ရကြောင်း သိရသည်။
ပြည်နယ်၏ နယ်မြေအများစု သည် ကာ့ဒ် ပြည်သူ့ ကာကွယ်ရေး အုပ်စု (YPG) ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး ယင်းအုပ်စုသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း စစ်မျက်နှာတွင် IS စစ်သွေးကြွအုပ်စု အား ရင်ဆိုင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)