Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးသည် အသွင်ကူူးပြောင်းရေးကောင်စီ ၏ အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆို

ဆူဒန်နိုင်ငံ ၏ ကာကွယ်ရေးဝန်ကြီး Awad Mohamed Ahmed Ibn Auf အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ခါတိုရမ်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ ၏ ကာကွယ်ရေးဝန်ကြီး Awad Mohamed Ahmed Ibn Auf သည် ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးကောင်စီ ၏ အကြီးအကဲအဖြစ် ဧပြီလ ၁၁ ရက်နေ့ တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်းဆူဒန်နိုင်ငံ ၏ တီဗွီ သတင်းတွင် တရားဝင်ထုတ်လွှင့်ခဲ့သည်။

Awad Mohamed Ahmed Ibn Auf နှင့် ၎င်း ၏ လက်ထောက်ဖြစ်သူ Kamal Abdul-Marouf Al-Mahi တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ စစ်ဘက်ဆိုင်ရာ အသွင်ကူးပြောင်းရေးကောင်စီ ၏ အကြီးအကဲအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်ကြောင်း တီဗွီသတင်းကဆိုသည်။

ဆူဒန်နိုင်ငံ၏ သမ္မတ Omar al-Bashir နှင့် ၎င်း ၏ အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ကြောင်း ဧပြီလ ၁၁ ရက်နေ့ အစောပိုင်းတွင် Ibn Auf ကကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ အရေးပေါ်အခြေအနေ အဖြစ် ၃လ နှင့် ညမထွက်ရ ၁ လ ကို ၎င်း အနေဖြင့် ဆက်လက်၍ ကြေညာခဲ့သည်။ စစ်ဘက်ဆိုင်ရာကောင်စီ အနေဖြင့် အသွင်ကူးပြောင်းရေးကာလ ဖြစ်သည့် ၂ နှစ်တာအတွင်း နိုင်ငံကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း လုံခြုံရေးဝန်ကြီးက ဆိုသည်။

ဆူဒန်နိုင်ငံ ၏ကြားဖြတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆိုင်းငံ့ကြောင်း နှင့် ဆူဒန်နိုင်ငံ ၏ လေပိုင် နက် အပါအဝင် နယ်စပ်များအားလုံးကို ၂၄ နာရီ အတွင်း ဖြတ်သန်းခွင့်မရှိကြောင်းကိုလည်း ၎င်းကကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၉ရက်ကတည်းက ဆူဒန်နိုင်ငံ တွင် ဆိုးရွားလာသောစီးပွားရေးအခြေအနေနှင့် အခြေခံကုန်စည်များဈေးမြင့်တက်မှုကြောင့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.