Africa & Middle East
ဆူဒန်နိုင်ငံ စစ်ကောင်စီနှင့် အတိုက်အခံအကြား နိုင်ငံရေးသဘောတူညီချက်လက်မှတ်ရေးထိုး

ခါတွမ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံ အသွင်ကူးပြောင်းရေးစစ်ကောင်စီ (TMC) နှင့် အတိုက်အခံဖြစ်သော Freedom and Change Alliance တို့သည် ဇူလိုင်လ ၁၇ ရက်တွင် နိုင်ငံရေးကြေညာစာတမ်းဆိုင်ရာ ကနဦးသဝဏ်လွှာများအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းက ဆူဒန်နိုင်ငံအတွက် သမိုင်းဝင်အခိုက်အတံ့တစ်ခုဖြစ်ပြီး မိတ်ဖက်ဆောင်ရွက်မှုရဲ့ခေတ်သစ်တစ်ခုကို အစပြုခြင်းလဲဖြစ်ပါတယ်” ဟု TMC ၏ ဒုတိယဥက္ကဋ္ဌ မိုဟာမက် ဟမ်ဒန် ဒတ်လူ (Mohamed Hamdan Daqlu) က လက်မှတ်ရေးထိုးပြီးနောက် မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua)