Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ ၏ မြို့တော်တွင် မတည်ငြိမ်မှုဖြစ်ပွားပြီးနောက် အီဂျစ်လေယာဉ်နှစ်စီး ခရီးစဉ်ဖျက်သိမ်း

EgyptAir လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ကိုင်ရို၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ ၏ မြို့တော် ခါတွန် သို့ ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ပျံသန်းမည့် အီဂျစ် နိုင်ငံ၏ အမျိုးသားလေကြောင်းEgyptAir လေယာဉ်နှစ်စီး ခရီးစဉ် များကိုဖျက်သိမ်းခဲ့ကြောင်း အီဂျစ်လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆူဒန် တွင် တပ်မတော်အသွင်ကူးပြောင်းရေးကောင်စီ(TMC)မှ အရပ်ဘက်ကို အာဏာ လွှဲပေးရန် တောင်းဆိုကြသည့် ဆန္ဒပြသည့်အဖွဲ့အား စစ်တပ်မှ နှိမ်နှင်းပြီးနောက် အီဂျစ်လေကြောင်းလိုင်းမှ နာရီပိုင်းအတွင်းထိုသို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

TMC က ဆန္ဒပြသူများအားနှိမ်နှင်းခြင်းနှင့်ပတ်သက်၍ ငြင်းဆိုခဲ့ကာ ၎င်း တို့အနေဖြင့် ဆန္ဒပြသူမဟုတ်သော ဥပဒေမလိုက်နာသူများအား ပစ်မှတ်ထားနှိမ်နှင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆန္ဒပြသူများထဲမှ ဦးဆောင်ဆန္ဒပြသူများအား အရေးယူရန် ဆူဒန်လေယာဉ်မှူးများအသင်းက တောင်းဆိုခဲ့ကြောင်း သိရသည်။

ထောင်နှင့်ချီသည့်ဆန္ဒပြသူများ၊ သေဆုံးသူများနှင့် ရာနှင့်ချီ၍ ဒဏ်ရာရသူများအတွက် TMC က နှိမ်နှင်းခဲ့မှုနှင့် ပတ်သက်၍ TMC အနေဖြင့် တာဝန်ယူသင့်ကြောင်း ဆူဒန်၏ အဓိက အတိုက်အခံအဖွဲ့များက ပြောသည်။

ဧပြီလ တွင် ဆူဒန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ Omar al-Bashir ဖြုတ်ချခံရပြီးနောက် Abdel-Fattah Al-Burhanက ဆူဒန်နိုင်ငံ ဦးဆောင်သူအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.