Africa & Middle East
ဆော်ဒီအာရေးဗျဘုရင်က စွမ်းအင်ဝန်ကြီးကိုရာထူးမှ ထုတ်ပယ်

ရီယာ့ဒ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)
ဆော်ဒီအာရေးဗျဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇဇ်အယ်ဆော့( Salman bin Abdulaziz Al Saud) သည် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးအား ရာထူးမှ ထုတ်ပယ်သည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ယနေ့(စက်တင်ဘာ ၈ ရက်) တွင် သတင်းဖော်ပြခဲ့သည်။
ဘုရင်အယ်ဆော့သည် ဆော်ဒီအာရေးဗျနိုင်ငံစွမ်းအင်ဝန်ကြီးဌာနဝန်ကြီးသစ်အဖြစ် မင်းသား Abdulaziz bin Salman ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။ဘုရင်၏ အမိန့်ထုတ်ပြန်ချက်ထဲတွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးကိုလည်း ရာထူးမှ ထုတ်ပယ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)