Africa & Middle East
ဆော်ဒီ တိုက်ခိုက်ခံရမှု အတွက် စည်းစည်းလုံးလုံး လက်တုံ့ပြန်သွားရန် အီရန် တိုက်တွန်း
တီဟီရန် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဇူလိုင်လ ၄ ရက်က ဖြစ်ပွားခဲ့သော ဆော်ဒီအာရေးဗျ နိုင်ငံရှိ တမန်တော် မိုဟာမက် ဗလီအနီး အကြမ်းဖက် တိုက်ခိုက်မှု အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ယင်းတိုက်ခိုက်မှု ကျူးလွန်သူများအား မွတ်စလင် အသိုင်းအဝိုင်း အနေဖြင့် စည်းစည်းလုံးလုံး လက်တုံ့ပြန် တိုက်ခိုက်သွားကြရန် အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗတ်ဇာရစ်ဖ်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။
“အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ အနားသတ်မျဉ်း မရှိတော့လောက်အောင် အနှံ့အပြား ဖြစ်နေပြီး။ ဆွန်နီနဲ့ရှီယိုက် မွတ်စလင်ဘာသာဝင် နှစ်ခု စလုံးက စည်းစည်းလုံးလုံး ရှိဖို့ပဲ ကျန်တော့တယ်” ဟု ဇာရစ်ဖ် ကပြောကြားသည်။
ဆော်ဒီအာရေးဗျ နိုင်ငံ Medina မြို့ရှိ တမန်တော် မိုဟာမက်ဗလီ အနီး၌ ဇူလိုင်လ ၄ ရက်က အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့ရာ ရဲအရာရှိလေးဦး သေဆုံးပြီး အခြား ရဲအရာရှိ လေးဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။
“အကြမ်းဖက် ဝါဒ ပျောက်ကွယ်သွားတဲ့ အထိ အမြစ်ဖြတ်ချေမှုန်းပစ်ဖို့ကမ္ဘာ့နိုင်ငံတွေဟာ အကြမ်းဖက်သမားတွေကို လက်မြှောက် အရှုံးပေးဖို့မသင့်ဘူး” ဟု ဇာရစ်ဖ် က ဆိုသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံများသည် တူရကီ ၊ အီရတ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အကြမ်းဖက်သမားများအား လက်တုံ့ပြန်မှုကို ရပ်စဲ မနေသင့်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။ (Xinhua)