Africa & Middle East
တရုတ်နိုင်ငံ၏ ဟွာဝေးကုမ္ပဏီအား ဆော်ဒီဘုရင်က ဘုရင်ခါလစ်ဆုပေးအပ်ချီးမြှင့်
ရီယာ့ဒ်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)
ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ဘုရင် ဆော်လမန်ဘင်အဗ္ဗဒူလာဇစ်က တရုတ်နိုင်ငံ၏ ဟွာဝေး(Huawei) ကုမ္ပဏီအား ဘုရင်ခါလစ်(King Khalid)၏ ပထမနေရာဆုကို ရီယာ့ဒ်မြို့၌ နိုဝင်ဘာ ၁၂ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဘုရင်ခါလစ်ဂုဏ်ပြုဆုတံဆိပ်သည် ဟွာဝေးကုမ္ပဏီအား ကမ္ဘာလုံးဆိုင်ရာ သတင်း နှင့် ဆက်သွယ်ရေးနည်းပညာ(ICT) အခြေခံအဆောက်အအုံ နှင့် smart အသုံးအဆောင်ပစ္စည်းထုတ်လုပ်နေသော ဦးဆောင်ကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ၊ ယင်းသည် ဆော်ဒီအစိုးရ၏ ဒီဂျစ်တယ်နည်းပညာအသုံးပြုရေးရည်မှန်းချက်(National Transformation Program and Vision 2030) နှင့်အတူ ဆော်ဒီဘုရင့်နိုင်ငံ၏ ICT နည်ပညာပိုင်းတွင် ရှေ့ဆက်မောင်းနှင်ရန် အကျိုးသက်ရောက်မှုများစွာရှိခဲ့ကြောင်း သိရသည်။
ဟွာဝေးအရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဥက္ကဋ္ဌ Charles Yang က ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် ဟွာဝေးသည် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် အသိဉာဏ်ကမ္ဘာ နှင့်အပြည့်အဝ ချိတ်ဆက်ရန် နိုင်ငံအတွင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းအထိ လူတစ်ဦးချင်းစီအတွက် ဒီဂျစ်တယ်နည်းပညာကို အရောက်ပို့ဆောင်ပေးရန် ဆုံးဖြတ်ချက်ချထားကြောင်း ပြောကြားခဲ့သည်။
၎င်းက ဟွာဝေးအနေဖြင့် ဆော်ဒီဘုရင့်နိုင်ငံ၏ ICT နယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဒီဂျစ်တယ်နည်းပညာပိုင်းပြောင်းလဲရေးအတွက် နက်ရှိုင်းသည့် ICT အရည်အသွေးမြင့်စွမ်းအားတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂ဝဝ၈ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သော ဘုရင်ခါလစ်ဆုတံဆိပ်သည် ပြိုင်ဆိုင်မှုအပေါ်တာဝန်ခံမှု နှင့် ဘုရင့်နိုင်ငံအတွင်း တာဝန်ယူမှုတာဝန်ခံမှုရှိသော ပူးပေါင်းဆောင်ရွက်မှု အတွက် ပေးအပ်သည့် ပထမဆုံး နှင့် တစ်ခုတည်းသော ဂုဏ်ပြုဆုတံဆိပ်ဖြစ်သည်။
ဟွာဝေးအနေဖြင့် ယင်းဆုကို သမိုင်းတစ်လျှောက် ပထမဆုံး ဆွတ်ခူးရရှိခဲ့သည့် သတင်းဆက်သွယ်မှုနည်းပညာ(ICT) ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
၂ဝဝ၂ ခုနှစ်တွင် ဆော်ဒီနိုင်ငံ၌ မိတ်ဖက်လက်အောက်ခံ ကုမ္ပဏီတစ်ခုအဖြစ် စတင်လည်ပတ်ခဲ့သော ဟွာဝေးသည် ယခုအခါ ဆော်ဒီနိုင်ငံ၏ အစိုးရဝန်ကြီးဌာန ၁၄ ခုနှင့်အတူ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအဖြစ် တည်ဆောက်နိုင်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ခြင်း ဦးဆောင်သူ နှင့် အိုင်စီတီပြဿနာများဖြေရှင်းပေးသည့် ဒေသတွင်း အဓိက အော်ပရေတာ ကုမ္ပဏီတစ်ခုဖြစ်လာကြောင်း သိရသည်။(Xinhua)