Africa & Middle East
တူနီးရှားနိုင်ငံ တွင် နိုင်ငံတော်အရေးပေါ်အခြေအနေအား တစ်လ ထပ်မံတိုးမြှင့်

တူးနစ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
တူနီးရှားနိုင်ငံ သမ္မတ Beji Caid Essibsi သည် နိုင်ငံ၏အရေးပေါ်အခြေအနေအား အောက်တိုဘာ ၈ ရက်မှ စ၍ နောက်ထပ်တစ်လ တိုးမြှင့်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သမ္မတရုံးက အောက်တိုဘာ ၅ရက်တွင်ပြောကြားခဲ့သည်။
တူနီးရှားဝန်ကြီးချုပ် Youssef Chahed၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ Mohamed Ennaceur၊ ပြည်ထဲရေး နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီး ၂ဦး နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ယင်းဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အရေးပေါ်အခြေအနေ တိုးမြှင့်သတ်မှတ်ခြင်းသည် အုပ်စုဖွဲ့ရာဇဝတ်မှုများ နှင့် ဖြစ်နိုင်ခြေရှိသော အကြမ်းဖက်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို တိုက်ဖျက်နေသည့် တူနီးရှားစစ်တပ် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကြိုတင်ဆောင်ရွက်မှု စွမ်းရည်များ မြင့်မားလာစေရန်ဖြစ်နိုင်ကြောင်း သိရသည်။
တူနီးရှားနိုင်ငံ တွင် နောက်ဆုံးတစ်ကြိမ် နိုင်ငံတော်အရေးပေါ်အခြေအနေ တိုးမြှင့်ခြင်းသည် ၇လကြာမြင့်ခဲ့ပြီး ၂၀၁၈ခုနှစ် မတ်လ ၁၂ ရက်တွင်စတင်ခဲ့ကြောင်း သိရသည်။သမ္မတ၏ ကိုယ်ရံတော်တပ်ဖွဲ့လိုက်ပါလာသော ဘတ်စ်ကားအား ဗုံးဖောက်ခွဲခံရကာ ကိုယ်ရံတော် ၁၂ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတော်အရေးပေါ်အခြေအနေအား ၂၀၁၅ခုနှစ် နိုဝင်ဘာ၂၄ရက်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကြေညာခဲ့ကြောင်း သိရသည်။ထိုအချိန်မှစ၍ တူနီးရှားနိုင်ငံသည် နိုင်ငံတော်အရေးပေါ်အခြေအနေအား အကြိမ်များစွာ တိုးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)