Connect with us

Africa & Middle East

တူရကီ အရှေ့တောင်ပိုင်း တွင် စာသင်ကျောင်းမီးလောင်မှုကြောင့် ၁၂ဦးသေဆုံး

တူရကီတွင်ဖြစ်ပွားခဲ့သည့် မီးလောင်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ နိုဝင်ဘာ ၃၀ရက် (ဆင်ဟွာ)
တူရကီနိုင်ငံအရှေ့တောင်ပိုင်း Adana ပြည်နယ် ရှိ စာသင်ကျောင်းတစ်ခုတွင် နိုဝင်ဘာ ၂၉ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျောင်းသူ ၁၁ဦး နှင့် ကျောင်းစောင့်တစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း NTV သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

Adana ပြည်နယ် Aladag ခရိုင် ရှိ မိန်းကလေး ၃၁ဦးနေထိုင်သည့် အထက်တန်းကျောင်း ဘော်ဒါဆောင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အချို့သော ကျောင်းသူများသည် မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်၌ ပြတင်းပေါက်များမှ ခုန်ချထွက်ပြေးခဲ့ကြ၍ မီးဘေးမှ လွတ်မြောက်ခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။
မီးသတ်တပ်ဖွဲ့ဝင်များ နှင့် လူနာတင်ကား မြောက်များစွာ အား မီးလောင်မှုဖြစ်ပွားခဲ့ရာသို့စေလွှတ်ခဲ့ပြီး မီးတောက်များ၊ မီးခိုးများ နှင့် ပြတင်းပေါက်များမှ ခုန်ချရာမှ ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Adana ပြည်နယ် အုပ်ချုပ်ရေးမှူး Mahmut Demirtas က မီးသတ်တပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းမှုများကြောင့် သုံးထပ်ကျောင်းအား မီးငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.