Connect with us

Africa & Middle East

အာဖဂန် အရှေ့ပိုင်းတွင် သေဆုံးခဲ့သည့် စစ်သွေးကြွ ၁၆ ဦးများအကြား တာလီဘန် အဓိက တပ်မှူးတစ်ဦး သေဆုံး

အာဖဂန်တွင် တိုက်ပွဲအတွက် အာဖဂန်နှင့် အမေရိကန် စစ်သားများ ပြင်ဆင်နေပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂါ့ဇ်နီ၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အာဖဂန်နိုင်ငံ အရှေ့ပိုင်း ဂါ့ဇ်နီပြည်နယ်တွင် တာလီဘန်များ ပါဝင်သည့် ယာဉ်တန်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ တာလီဘန် အဓိက တပ်မှူး တစ်ဦး ဖြစ်သည့် မူလာလ် ရိုင်ဟန် အပါအဝင် စစ်သွေးကြွ ၁၆ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ရဲချုပ် အမင်နူလ်လာ အိုမာခီလ်က ပြောကြားလိုက်သည်။

ယနေ့ နံနက်ပိုင်းက Aband ခရိုင်၌ သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ နာမည်ဆိုးဖြင့် ကျော်ဇောသည့် မူလာလ် ရိုင်ဟန်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စုစုပေါင်း တာလီဘန် ၁၆ ဦး သေဆုံးကာ လူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိုမာခီလ်က သတင်းထောက်အား ပြောကြားခဲ့သည်။
ဂါ့ဇ်ဇာပြည်နယ်တွင် မူလာလ် ရိုင်ဟန် သေဆုံးခြင်းသည် တာလီဘန်များအတွက် ကြီးမားသော ဆုတ်ယုတ်မှု တစ်ခု ဖြစ်ကြောင်း အဆိုပါ ရဲချုပ်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိကြောင်းနှင့် တာလီဘန်များဘက်ကမူ မည်သည့် မှတ်ချက်မျှ မပေးထားပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.