Connect with us

Africa & Middle East

နိုင်ဂျီးရီးယား နိုင်ငံ တွင် မိုးရာသီ ကာလ အတွင်း ရေကြီးမှုကြောင့် လူပေါင်း ၂၀၀ ဦး ခန့် သေဆုံး

ရေကြီးမှု ဖြစ်ပွား နေသည့် နေရာ တစ်နေရာ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အဘူဂျာ ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ ကယ်ဆယ်ရေး လုပ်ငန်း ဌာန က ယခု နှစ် မိုးရာသီ ကာလ အတွင်း ရေကြီးမှု ဖြစ်ပွား ခဲ့ရာ နိုင်ငံ အတွင်းရှိ ပြည်နယ် ၉ ခု အား အရေးပေါ်အခြေအနေ ကြေညာ ခဲ့ရပြီး လူပေါင်း ၂၀၀ ဦး ခန့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

နိုင်ဂျီးရီးယား နိုင်ငံ အရေးပေါ်ကိစ္စရပ်များ စီမံခန့်ခွဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် ဧရိယာ ကြီးမားစွာ ရေကြီးမှု ဖြစ်ပွား ခဲ့သောကြောင့် လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ပြီး ၁,၃၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ရေဘေး က လူပေါင်း ၂ သန်းခန့် အပေါ် သက်ရောက်မှု ဖြစ်ပွား စေခဲ့ပြီး လူပေါင်း ၃၅၀,၀၀၀ ခန့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေကြောင်း ၊ ယခုနှစ် မိုးရာသီ ကာလ မှာ ကုန်ဆုံးသွာပြီ ဖြစ်သော်လည်း ရေကြီးမှု လျော့ကျသွားရန် အချိန်ကာလ တစ်ခု လိုအပ်သေးကြောင်း ၊ ရေဘေးသင့် ဒေသ များတွင် အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေပြီး ကာလဝမ်းရောဂါ စသော ရောဂါများ မပြန့်ပွားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နိုင်ဂျီးရီးယား နိုင်ငံ တွင် နှစ်စဉ် ဧပြီလ မှ စတင်၍ မိုးရာသီ ကာလ သို့ ရောက်ရှိပြီး အောက်တိုဘာ လပိုင်း တွင် ကုန်ဆုံးလေ့ရှိသည်။ မိုးရာသီကာလ အတွင်း မိုးရွာသွန်းမှုများပြား ခဲ့ပါက နိုင်ဂျီးရီးယား နိုင်ငံ တွင် ရေကြီးမှု ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၂ ခုနှစ် တွင် နိုင်ဂျီးရီးယား နိုင်ငံ တွင် ဆယ်စုနှစ် များစွာ အတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွား ခဲ့သဖြင့် လူပေါင်း ၃၆၃ ဦး သေဆုံး ခဲ့ပြီး အိမ်ပေါင်း ၆၁၀,၀၀၀ ပျက်ဆီး ခဲ့ကာ လူပေါင်း ၇.၇ သန်း ရေဘေးသင့် ခဲ့ကြောင်း သိရှိရသည်။(Xinhua)