Connect with us

Africa & Middle East

“ ပါတီတွင်း အကွဲအပြဲကို ရှောင်လွှဲရန်” တောင်အာဖရိကနိုင်ငံသမ္မတ ဇူးမားရာထူးမှ နုတ်ထွက်

ဂျက်ကော့ဇူးမား(ဝဲ) နှင့် Cyril Ramaphosa (ယာ) တို့ အား ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သော ၅၄ ကြိမ်မြောက် အမျိုးသားညီလာခံ၌ အတူတကွ တွေ့ ရစဉ် ( ဆင်ဟွာ)

ဂျိုဟမ်နစ္စဘတ် ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံသမ္မတ ဂျက်ကော့ဇူးမားက ဖေဖော်ဝါရီလ ၁၄ ရက် ညပိုင်းတွင် ရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ဖော်ကြေညာလိုက်ပြီး ထိုသို့လုပ်ဆောင်ရခြင်းမှာ အာဏာရပါတီအတွင်း အကွဲအပြဲများ မဖြစ်ပေါ်စေလို၍ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ အာဖရိကန်အမျိုးသားကွန်ဂရက်ပါတီ(ANC)ဟာ ကျွန်တော့်နာမည်ကြောင့် ဘယ်တော့မှ ထပ်ခြမ်းမကွဲသွားစေရပါဘူး။ ဒါကြောင့် ကျွန်တော် နုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာပါ” ဟု ဂျိုဟမ်နစ္စဘတ်မြို့ရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်သော မိနစ် ၃ဝ ကြာ နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားစဉ် ဇူးမားက ထည့်သွင်းပြောကြားခဲ့သည်။

အသက် ၇၅ နှစ်အရွယ် ဇူးမားက သတင်းမီဒီယာများအားပြောကြားရာတွင် ANC ပါတီနှင့် သဘောတူညီမှု မရခဲ့သော်လည်း ၎င်းသည် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်ကြောင်း ယုံကြည်သည်ဟု၎င်းက ဆိုသည်။

“အကယ်၍ ကျွန်တော့်ပါတီ နဲ့ကျွန်တော့်နိုင်ငံသားတွေဟာ ကျွန်တော်ကို ရာထူးက ဖယ်ရှားဖို့ဆန္ဒရှိမယ်ဆိုရင် အဲဒါကို ကျွန်တော်လက်ခံပါတယ်။ သူတို့ဟာ ဖွဲ့စည်းပုံမှာ ဖော်ပြပါရှိတဲ့အတိုင်း လုပ်ဆောင်ပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့သည်။

“ ဒါကြောင့် ရာထူးက ချက်ခြင်းနုတ်ထွက်ဖို့ချက်ခြင်းဆုံးဖြတ်ပြီး လုပ်ဆောင်လိုက်တာပါ။ ဒါပေမယ့် ကျွန်တော့်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မှုနေရာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်သဘောမတူပါဘူး။ ကျွန်တော်ဟာ ANC ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ဦးအနေနဲ့အမြဲတမ်းရှိခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြုလုပ်သော ANC ပါတီ၏ အမျိုးသားအမှုဆောင်ကော်မတီက ၎င်းအား ပြန်ခေါ်ရန် အမိန့်ပေးခဲ့ခြင်း နှင့် ၎င်း၏ အနာဂတ်သမ္မတရာထူး နေရာအား ရှုံးနိုမ့်စေရန် လုပ်ဆောင်ချက်ကြောင့် ၎င်းက ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတရာထူး ထမ်းဆောင်စဉ် ကြီးကျယ်သောလေ့လာသင်ယူမှု အတွေ့အကြုံကောင်းများ နှင့် အလွန်အမင်ကြီးကျယ်သောလုပ်ငန်းဆောင်တာတစ်ခု ကို လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ANC ပါတီသည် ပြီးခဲ့သော ဒီဇင်ဘာလတွင် ပါတီခေါင်းဆောင်နေရာအား ဇူးမားအစား ဒုတိယဥက္ကဋ္ဌ Cyril Ramaphosa ဖြင့် အစားထိုး ခန့်အပ်ခဲ့သည်။ ဇူးမားအား အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပေးရန် ဖေဖော်ဝါရီ ၁၃ ရက်တွင် အမိန့်ပေးတောင်းဆိုခဲ့ကြသည်။

Ramaphosa သည် လက်ရှိတွင် ယာယီသမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေပြီး ဖေဖော်ဝါရီ ၁၅ ရက် (သို့မဟုတ်) ၁၆ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.