Connect with us

Africa & Middle East

အီရတ် နိုင်ငံ ပြန်လည် ထူထောင်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း က အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ ကူညီထောက်ပံ့မည်

အီရတ် နိုင်ငံ တွင် တိုက်ပွဲများ ဖြစ်ပွားမှု ကြောင့် နေအိမ်များ ပျက်စီး နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကူဝိတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ၊ နိုင်ငံခြားရေး ဝန်ကြီး Sabah Al-Khalid Al-Hamad Al-Sabah က ဖေဖော်ဝါရီ ၁၄ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့သည့် အီရတ် နိုင်ငံ ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အစည်းအဝေး ပိတ်ပွဲ အခမ်းအနားတွင် အီရတ် နိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် အစည်းအဝေး က ကူညီထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ ခန့် စုဆောင်းရရှိခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ကူဝိတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် က ယခု ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး သို့ နိုင်ငံ နှင့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင်း ၇၆ ခု ၊ နိုင်ငံတကာ နှင့် ဒေသတွင်း ဖောင်ဒေးရှင်း ၅၁ ခု ၊ NGO အဖွဲ့အစည်းပေါင်း ၁၀၇ ခု နှင့် လုပ်ငန်းကုမ္ပဏီပေါင်း ၁၀၀၀ ကျော် တက်ရောက် ခဲ့ကြကြောင်း ၊ ယခု အစည်းအဝေး သို့ အတိုင်းအတာ ကြီးမား သည့် ပူးပေါင်းပါဝင်မှု ကို ကြည့်ရှုခြင်း အားဖြင့် အီရတ် နိုင်ငံ ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း က လွန်စွာ အလေးထားသည် ကို သိရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

အီရတ် နိုင်ငံ စီမံခန့်ခွဲမှု ဝန်ကြီးဌာန ၏ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အီရတ် နိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ဆုံးရှုံးမှု အမေရိကန် ၄၅.၇ ဘီလီယံခန့် ဖြစ်ပွား ခဲ့ပြီး ပြန်လည်ထူထောင်ရန် အတွက် အမေရိကန် ဒေါ်လာ ၈၈.၂ ဘီလီယံ လိုအပ် ကြောင်း သိရှိရသည်။

အီရတ် နိုင်ငံ ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အစည်းအဝေး အား ဖေဖော်ဝါရီ ၁၂ ရက်နေ့ မှ ၁၄ ရက်နေ့ အထိ ကူဝိတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ကူဝိတ် ၊ အီရတ် ၊ ကုလသမဂ္ဂ ၊ အီးယူ နှင့် ကမ္ဘာ့ဘဏ် တို့မှ ပူးပေါင်းကျင်းပ ခဲ့ခြင်း ဖြစ်သည်။ ယခု ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေး သည်လည်း အီရတ် နိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့၌ IS အစွန်းရောက် အဖွဲ့အစည်း အား နှိမ်နင်း နိုင်ခဲ့ပြီး ဖြစ်ကြောင်း ကြေညာမှု ပြုလုပ်အပြီး ပထမ ဦးဆုံး အကြိမ် ကျင်းပ သည့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.