Connect with us

Africa & Middle East

ပါရှန်ပင်လယ်ကွေ့တွင် အီရန် ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှုကြောင့် လူ ၂ဦးသေဆုံး

အီရန်နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ပါရှန်ပင်လယ်ကွေ့တွင် ဧပြီ ၁၇ ရက် ညနေပိုင်းက အီရန် ရဟတ်ယာဉ် ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုတွင် လေယာဉ်မှူး အသက်ရှင်ကျန်ရစ်ခဲ့ပြီး အခြားလူ ၂ဦး ပျောက်ဆုံးနေကြောင်း Bandar Lengeh မြို့ ပဋိပက္ခစီမံခန့်ခွဲရေးအကြီးအကဲ Arsaian Bahari Meimandi က IRNA သို့ပြောကြားခဲ့သည်။အဆိုပါ ရဟတ်ယာဉ်အား Falat Qarreh အီရန်ရေနံကုမ္ပဏီမှ လူနာတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော ယင်းရဟတ်ယာဉ်သည် Lavan ကျွန်းမှ အီရန်ပိုင် Kish ကျွန်းသို့သွားရာ လမ်းကြောင်း တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။Meimandi က ရဟတ်ယာဉ်ပေါ်တွင် လူ ၅ဦးလိုက်ပါလာပြီး လူနာ နှင့် ယင်းလူနာအား စောင့်ရှောက်ရန်လိုက်ပါလာသော ဆရာဝန် သေဆုံးသွားကြောင်း အတည်ပြုပြီးဖြစ်သည်။၎င်းက ပျောက်ဆုံးနေသည့် လူ၂ဦးကို ကယ်ဆယ်ရန် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.