Connect with us

Africa & Middle East

ဘော့စ်ဝါနာ ဂေဟစနစ်ခရီးသွားလုပ်ငန်းကုမ္ပဏီက ပလတ်စတစ်သုံးစွဲမှု ဖြတ်တောက်မည်

ဘော့စ်ဝါနာနိုင်ငံရှိ ဆာဖာရီဥယျာဉ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂတ်ဘရွန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဘော့စ်ဝါနာနိုင်ငံရှိ ဂေဟစနစ်ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုက နမီးဘီးယားနိုင်ငံ၊ ဇမ်ဘီးယားနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့ရှိ ၎င်းတို့၏ လုပ်ငန်းများတွင် တစ်ခါသုံးပလတ်စတစ်သုံးစွဲမှု ဖယ်ရှားပြီး ဧည့်သည်များအတွက် ပြန်လည် အသုံးပြုနိုင်မည့်ပုလင်းများ ထောက်ပံ့ပေးမည့်အစီအစဉ်အား ဇွန်လ ၃ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

ဘော့စ်ဝါနာနိုင်ငံ မြို့တော် ဂတ်ဘရွန်တွင် ရုံးချုပ်ထားရှိသော Wilderness Safaris ကုမ္ပဏီက ပြည်တွင်းနှင့် ရဝမ်ဒါနိုင်ငံတို့၌ လုပ်ဆောင်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်မှုများကို ရှေ့ဆက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အာဖရိက ၈ နိုင်ငံ၌ အဆိုပါ ကုမ္ပဏီ၏ စခန်းများနှင့် ရွေ့လျား ဆာဖာရီများရှိကြောင်း သိရသည်။

ပလတ်စတစ် ကြွင်းကျန်ပစ္စည်းများ အထူးသဖြင့် ပလတ်စတစ်ပုလင်းများအား ဦးစားပေးလျှော့ချမည် ဖြစ်ကြောင်း Wilderness Safaris Group ၏ အကျိုးပြုညှိနှိုင်းရေးမှူး ဝါရန် အိုဇိုရီယို (Warren Ozorio) က ပြောခဲ့သည်။

အဆိုပါ စီမံချက်မှာ စွန့်ပစ်ပစ္စည်းများ လျှော့ချခြင်းသာမကဘဲ Wilderness Safaris စခန်းများ တည်ရှိရာ နယ်မြေများရှိ ကြီးမားသော ထောက်ပံ့သယ်ပို့လုပ်ငန်း စိန်ခေါ်မှုများကိုလည်းပဲ ဖြေရှင်းရန် ပြင်ဆင်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အိုဇိုရီယိုက ဆိုသည်။

ထို့ပြင် ကုမ္ပဏီ၏ နောက်ဆုံးပန်းတိုင်မှာ ၎င်းတို့၏လုပ်ငန်းအားလုံးတွင် ပလတ်စတစ်သုံးစွဲမှု လုံးဝကင်းစင်ရန်ဖြစ်ကြောင်း အိုဇိုရီယိုက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.