Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂပြောကြား

လစ်ဗျားနိုင်ငံ Espiaa မြို့တွင် ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသော စစ်တပ် တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးအဖွဲ့ (UNSMIL) က လစ်ဗျားနိုင်ငံ တောင်ပိုင်းတွင် မျိုးနွယ်စုတိုက်ခိုက်မှု ဖြစ်ပြီးနောက် အရေးပေါ် အပစ်အခတ်ရပ်စဲရေးအတွက် ဇူလိုင်လ ၉ ရက်တွင် ပြောကြားလိုက်ကြောင်း သိရသည်။

“UNSMIL က မာဇုမြို့မှာလက်ရှိဖြစ်ပွားနေတဲ့ ဝမ်းနည်းဖွယ် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အကြီးအကျယ်စိုးရိမ်မိပါတယ်” ဟု UNSMIL က ပြောခဲ့သည်။

“UNSMIL အနေနဲ့ သေဆုံးသူ မိသားစုဝင်များထံ ကြေကွဲဝမ်းနည်းကြောင်းပေးပို့ခဲ့ပြီး တိုက်ခိုက်မှုတွေကို ချက်ချင်း အဆုံးသတ်ရန်နဲ့ ကန့်သတ်ချက် လုပ်ဆောင်ရန် အဖွဲ့အစည်းတွေအားလုံးကို ပြောထားပါတယ်။ ဆွေးနွေးမှုကတစ်ဆင့် အငြင်းပွားမှုတွေကို အဖြေရှာဖို့ အကူအညီတွေ UNSMIL က ကမ်းလှမ်းထားပါတယ်” အဆိုပါအဖွဲ့က ဖြည့်စွက်ပြောကြားခဲ့သည်။

မာဇုမြို့သည် မြို့တော် ထရီပိုလီ၏တောင်ဘက် ၇၈၀ ကီလိုမီတာခန့်အကွာ၌ တည်ရှိပြီး ဇူလိုင်လ ၈ ရက်က လူများစွာ သေဆုံး၊ ဒဏ်ရာရခဲ့သည့် လူမျိုးစုတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လစ်ဗျားနိုင်ငံတောင်ပိုင်းအား ဖေဖော်ဝါရီလကတည်းက ဗိုလ်ချုပ် ခါလီဖာ ဟပ်ဖ်တာ (Khalifa Haftar) ဦးဆောင်သည့် နိုင်ငံအရှေ့ပိုင်းအခြေစိုက်စစ်တပ်က ထိန်းချုပ်ထားခဲ့သည်။

လစ်ဗျားနိုင်ငံတွင် ၂၀၁၁ ခုနှစ်တွင် ခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီ (Muammar Gaddafi) ဖြုတ်ချခံရပြီးကတည်းက အကြမ်းဖက်မှု အရှိန်မြင့်လာပြီး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.