Africa & Middle East
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ရှိ ဟားမတ်စ်စစ်သွေးကြွစခန်း၆ခု အား လေကြောင်းမှ တိုက်ခိုက်
ဂျေရုဆလင်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
အစ္စရေး စစ်တိုက်လေယာဉ်များသည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ရှိ ဟားမတ်စ် ရေတပ်တပ်ဖွဲ့က ပိုင်ဆိုင်သည့် စစ်သွေးကြွစခန်း၆ခုအား ဧပြီ ၂၇ ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကပြောကြားခဲ့သည်။
IDF က လေကြောင်းတိုက်ခိုက်မှုသည် အကြမ်းဖက်လှုပ်ရှားမှု နှင့် အစ္စရေး ပိုင်နက်အတွင်းသို့ အဆိုပါနေ့အစောပိုင်းတွင် ကျုးကျော်ဝင်ရောက်ရန် ကြိုးပမ်းမှုများကို ပြန်လည်တုံပြန့်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်က ဧပြီ ၂၇ ရက် ညသန်းခေါင်တွင်ထုတ်ပြန်သော ထုတ်ပြန်ချက်အရ ဟားမတ်စ်အဖွဲ့သည် ရာပေါင်းများစွာသော ဆူပူအကြမ်းဖက်သူများကို ဦးဆောင်၍ အစ္စရေးနိုင်ငံ ၏ ပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ဆူပူအကြမ်းဖက်ခဲ့ပြီး ၎င်းတို့သည် ဖောက်ခွဲရေးပစ္စည်းများ၊ လက်ပစ်ဗုံးများ၊ မီးလောင်ဗုံးများ ဖြင့် IDF တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ကာ လုံခြုံရေးခြံစည်းရိုးအား မီးရှို့ရန်ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ဂါဇာမြို့ ဆိပ်ကမ်းတစ်ခု ရှိ ဟားမတ်စ်တို့ ပိုင်ဆိုင်သော နေရာတစ်ခုတွင် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းသတင်းတစ်ခုကို ကိုးကား၍ အစ္စရေးသတင်း၌ဖော်ပြခဲ့သည်။ (Xinhua)