Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၇ ဦး သေဆုံး

ဂါဇာ နှင့် အစ္စရေး နိုင်ငံ နယ်စပ် ဒေသ တွင် ပါလက်စတိုင်း လူမျိုးများ ဆန္ဒပြ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း လူမျိုး အများအပြား က အောက်တိုဘာ ၁၂ ရက် ၌ ဂါဇာ နှင့် အစ္စရေး နိုင်ငံ နယ်စပ် ဒေသ တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ တွင် အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ပြီး အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၇ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာ ၁၂ ရက် ၌ ထောင်နှင့်ချီသော ပါလက်စတိုင်း လူမျိုးများ က ဆန္ဒပြမှု ပြုလုပ်ခဲ့ရာတွင် အချို့ ဆန္ဒပြသူများ က ကားတာယာ အား မီးရှို့ခြင်း ၊ အစ္စရေး နိုင်ငံဘက် သို့ ခဲ နှင့် ဓာတ်ဆီ ပုလင်း များဖြင့် ပစ်ပေါက်ခြင်း ၊ နယ်စပ် ခြံစည်းရိုး အား ဖျက်ဆီး ခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ က မျက်ရည်ယို ဗုံး နှင့် သေနတ် ဖြင့် ဆန္ဒပြသူများ အား ပြန်လည် ပစ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အောက်တိုဘာ ၁၂ ရက် ဆန္ဒပြမှု တွင် ပါလက်စတိုင်း လူမျိုး ၇ ဦး က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ပြီး ၁၅၄ ဦး သေနတ် ဒဏ်ရာ ရရှိခဲ့ကာ ပါလက်စတိုင်း လူမျိုးပေါင်း ၂၅၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ကြေညာချက်အရ ဆန္ဒပြသည့် ပါလက်စတိုင်း လူမျိုး အချို့ က နယ်စပ်ခြံစည်းရိုး အား ဖျက်ဆီး ၍ ပေါက်ကွဲစေသည့် ကိရိယာ များ ထားရှိခဲ့ကြောင်း ၊ ပေါက်ကွဲမှုကြောင့် ခြံစည်းရိုး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း ၊ ထို့နောက်တွင် အချို့ ဆန္ဒပြသူများ က ခြံစည်းရိုး အား ဖြတ်ကျော် ၍ အစ္စရေး နိုင်ငံ စစ်စခန်း တစ်ခု အား တိုက်ခိုက်မှုများ ဆောင်ရွက်လာ သဖြင့် ပြန်လည် ပစ်ခတ်မှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခု နှစ် မတ်လ ၃၀ ရက် မှ စတင်၍ ဂါဇာ နှင့် အစ္စရေး နိုင်ငံ နယ်စပ် ဒေသ တွင် ဆန္ဒပြမှု စတင် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွား ကာ တင်းမာမှု အခြေအနေ မှာလည်း မြင့်တက် လာခဲ့သည်။ ပါလက်စတိုင်း ဘက် မှ စာရင်းပြုစုချက် အရ ဆန္ဒပြမှု စတင် ပြုလုပ်ခဲ့ချိန် မှ စ၍ အောက်တိုဘာ လ အထိ ပါလက်စတိုင်း လူမျိုးပေါင်း ၂၀၅ ဦး သေဆုံး ခဲ့ပြီး ၂ သောင်းကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.