Connect with us

Africa & Middle East

အမေရိကန်တပ်ဖွဲ့များက အီရတ်စစ်စခန်းမှ ကန်ထရိုက်တာများအား ပြောင်းရွှေ့သွားမည်

ဘာလတ်လေတပ်စခန်းရှိအက်ဖ်-၁၆ တိုက်လေယာဉ်တစ်စီးအားတွေ့ရစဉ်(အင်တာနက်)

ဘက်ဂဒက်၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

အီရတ်ရှိအမေရိကန်တပ်ဖွဲ့များက အီရတ်နိုင်ငံအလယ်ပိုင်းရှိ အီရတ်စစ်အခြေစိုက်စခန်းတစ်ခုမှ လုံခြုံ ရေးကုမ္ပဏီများ၏ ကန်ထရိုက်တာအများအပြားကိုရွှေ့ပြောင်းရန်ပြင်ဆင်လျက်ရှိကြောင်း အီရတ်လုံခြုံ ရေးဆိုင်ရာသတင်းအရင်းအမြစ်တစ်ခုက ဇွန်လ ၂၁ ရက်ကပြောကြားခဲ့သည်။

အဆိုပါသတင်းအရင်းအမြစ်က လုံခြုံရေးဆိုင်ရာအခြေအနေများပြောင်းလဲဖြစ်ပေါ်မှုမျုားအရ အမေရိ ကန်ကုမ္ပဏီကြီးနှစ်ခုဖြစ်သော Lockheed Martin နှင့် Sallyport Global တို့က အီရတ်ရှိ ဘာလတ် လေတပ်စခန်းမှ ၎င်းတို့၏ဝန်ထမ်းများကို ရွှေ့ပြောင်းရန ်အစီအစဉ်တစ်ရပ်အား ကြိုတင်ပြင်ဆင်နေ ကြောင်းလည်း ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။ ကုမ္ပဏီကြီးနှစ်ခုစလုံးကပင်၎င်းတို့၏ရွှေ့ ပြောင်းရေးနှင့်ပတ်သက်သောနောက်ဆုံး ဆုံးဖြတ်ချက်အား ဒေသခံ အီရတ်အလုပ်သမားများသို့ ၁၀ ရက်အတွင်းအကြောင်းကြားသွားမည်ဖြစ်ကြောင်းလည်းပြောခဲ့သည်။

ထိုသို့ရုတ်တရက်ဆုံးဖြတ်ချက်ချရခြင်းမှာ ကန်ထရိုက်တာများ၏လုံခြုံမှုအတွက် ခြိမ်းခြောက်မှုများရှိ လာသောကြောင့်ဖြစ်သည်ဟုလည်း သတင်းအရင်းအမြစ်ကဆိုသည်။သို့ရာတွင်အသေးစိတ်အချက် အလက်များကိုမူပြောကြားခြင်းမရှိပေ။

အီရတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုမှ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်များကို ဝယ်ယူအပြီးတွင် အဆိုပါကုမ္ပဏီနှစ်ခုနှင့်အတူ အမေရိကန်ကန်ထရိုက်တာ များစွာသည် အီရတ်လေတပ်စခန်း အား ထောက်ပံ့မှုနှင့်အကြံဉာဏ်များပေးရန် လာရောက်လုပ်ကိုင်လျက်ရှိကြသည်။

ဘာလတ် လေတပ်စခန်းမှာ ဘက်ဂဒက်မြို့တော်၏မြောက်ဘက် ၈၀ ကီလိုမီတာအကွာခန့် ဆာလာ ဟတ်ဒင် ပြည်နယ်အတွင်းတည်ရှိ၍ ဇွန်လဒုတိယအပတ်အတွင်းက မော်တာကျည်ဆံများကျရောက် ထိမှန်ခဲ့သည်။သို့သော် လူအသေအပျောက်မရှိခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.