Africa & Middle East
အီရန်နျူကလီးယားသဘောတူညီချက်၏ သဘောထားကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့်အဖြေရှာသင့်ကြောင်း တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန်က ပြောကြား
တီဟီရန် ၊ မေလ ၉ ရက်(ဆင်ဟွာ)
အီရန်နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ထားရှိသင့်ကြောင်း ၊ သဘောထားကွဲလွဲချက် များကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းသင့်ကြောင်း အီရန်နိုင်ငံသို့ သွားရောက်လည်ပတ်နေသည့် တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် ကုံးရှောင်ဆန်း(Gong Xiao Sheng)က မေလ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရှိရသည်။
အီရန်နျူကလီးယား သဘောတူညီချက်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံ၊ ဂျာမနီ၊ အီးယူနှင့် အီရန်တို့ ခက်ခက်ခဲခဲစေ့စပ်ညှိနှိုင်းပြီး လုံခြုံရေးကောင်စီက အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သောကြောင့် အလွန်လေးနက်အရေးပါသည့် သဘောတူညီချက် ဖြစ်ကြောင်း ၊ ၎င်းသဘောတူညီချက်မှာ နိုင်ငံတကာ နျူကလီးယားပြန့်ပွားမှုကို ထိန်းသိမ်းနိုင်ပြီး အရှေ့အလယ်ပိုင်း ဒေသ၏တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုကြောင်း၊ ထို့ကြောင့် သဘောထားကွဲလွဲမှုများရှိ သော်ငြားလည်း ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာသင့်ကြောင်း ၊ ထိုသဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကုံးရှောင်ဆန်း(Gong Xiao Sheng)က အီရန်အစိုးရနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)