Africa & Middle East
အီရန်-အီရတ် နယ်စပ်တွင် ငလျင်ပြင်းတစ်ခုကြောင့် အနည်းဆုံး လူ ၉၀ဦးသေဆုံး၊ ထောင်ကျော် ဒဏ်ရာရရှိ

တီဟီရန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အီရန်-အီရတ် နယ်စပ်တွင် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၂ ရက် ည ၉း၁၈နာရီတွင် အင်အား ၇.၂အဆင့်ရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ရာ နိုဝင်ဘာ ၁၃ရက် နံနက်ပိုင်းအထိ လူ ၁၂၉ဦးသေဆုံးပြီး အခြားလူ တစ်ထောင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာ တစ်ခု က ဖော်ပြခဲ့သည်။
အဆိုပါ ငလျင်သည် အီရတ်နိုင်ငံ ဆူလေမန်နီရာ့မြို့ အရှေ့တောင်ဘက် ၁၀၃ကီလိုမီတာ အကွာတွင် လှုပ်ခတ်ခဲ့ပြီး အီရတ်နိုင်ငံ နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အီရန်နိုင်ငံရှိပြည်နယ်အများအပြားတွင်လည်း ငလျင်ဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။
ငလျင်ဒဏ်ခံရသည့် ဧရိယာအတွင်းရှိ အီရန်ရွာပေါင်း ၂၀ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လျှပ်စစ်ဓါတ်အား နှင့် ရေပေးဝေမှုများ ပြတ်တောက်ခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံ အရေးပေါ်အဖွဲ့များသည် ငလျင်ဒဏ်ခံရသည့် ဒေသသို့ အလျင်အမြန်ရောက်ရှိလာကြပြီး ပြည်သူများအား အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးရန် ရဟတ်ယာဉ်များကိုလည်း စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)