Africa & Middle East
ကင်မရွန်း၏ မငြိမ်မသက်ဖြစ်နေသော အန်ဂရိုဖုန်းဒေသအတွင်း လက်နက်ကိုင်ခွဲထွက်ရေးသမား ၈ ဦး အသတ်ခံရ
ရာအွန်ဒီ ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
ကင်မရွန်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်ပေါ်နေသော အနောက်မြောက် အန်ဂရိုဖုန်း(Anglophone )ဒေသတွင် ဇွန် ၁၀ ရက်က လက်နက်ကိုင်ခွဲထွက်ရေးသမား ၈ ဦးကို ကင်မရွန်းတပ်ဖွဲ့များက သတ်ခဲ့ကြောင်း ဒေသခံအရာရှိများက ပြောကြားသည်။
အဆိုပါ အသတ်ခံရသူများအနက် လက်နက်ကိုင်ခွဲထွက်ရေး တပ်မှူးနှစ်ဦးပါဝင်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။ လူသိများသော ခွဲထွက်ရေးလှုပ်ရှားမှုသမား Mark Baretaကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ထိုသတင်းကို အတည်ပြုခဲ့ကြောင်း သိရသည်။
ထိုနေ့တွင် ကင်မရွန်းစစ်တပ်မှ ဒုဗိုလ်တစ်ဦးသေဆုံးခဲ့ပြီး အခြား စစ်သည်များလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စစ်တပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ပြင်သစ်စကားပြော ကင်မရွန်းနိုင်ငံ၌ အင်္ဂလိပ်စကားပြော ဒေသနှစ်ခုကို ခွဲထွက်ရေးသမားများက လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် အဆိုပါဒေသများမျ လူ ၄၃၀,၀၀၀ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ဆိုသည်။(Xinhua)