Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား နိုင်ငံ နှင့် ပေါ်တူဂီ နိုင်ငံ ဓာတ်ငွေ့ဝယ်ယူရေး ၁၀ နှစ် သက်တမ်းတိုး

အယ်လ်ဂျီးရီးယား နိုင်ငံ အယ်လ်ဂျီးယား မြို့ တော်၏ လေဆိပ်အား တွေ့ ရစဉ်(ဆင်ဟွာ)

အယ်လ်ဂျီးယား ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အယ်လ်ဂျီးရီးယား စွမ်းအင် ကုမ္ပဏီ Sonatrach နှင့် ပေါ်တူဂီ စွမ်းအင် ကုမ္ပဏီ Galp တို့သည် အယ်လ်ဂျီး ရီးယား မှ ပေါ်တူဂီသို့ဓာတ်ငွေ့တင်ပို့မှုအား ၁၀ နှစ် ထပ်မံ သက်တမ်းတိုးရန် သဘောတူညီချက်အား ဇွန် ၁၁ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း Sonatrach ကုမ္ပဏီ၏ ထုတ်ပြန်မှု အရ သိရသည်။

အယ်လ်ဂျီးရီးယား နိုင်ငံသည် ပေါ်တူဂီ ဈေးကွက်သို့၁၀ နှစ်ကျော် အတွက် နှစ်စဉ် သဘာ၀ ဓာတ်ငွေ့၂.၅ ဘီလီယံ ကုဗမီတာ ထောက်ပံ့မည်ဟု ယင်းထုတ်ပြန်ချက် အရ သိရသည်။

အယ်လ်ဂျီးရီးယား နှင့် ပေါ်တူဂီတို့သည် မိတ်ဘက် သဘောတူညီချက်အား ၁၉၉၄ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ပေါ်တူဂီ နိုင်ငံသို့ Sonatrach ကုမ္ပဏီသည် အဓိက ဓာတ်ငွေ့ထောက်ပံ့သူ အဖြစ် ၁၀ နှစ်တိုင်း သက်တမ်းတိုးခဲ့ကြောင်း သိရသည်။

Sonatrach ကုမ္ပဏီသည် အီတလီ စွမ်းအင် ကုမ္ပဏီ ENI နှင့် အယ်လ်ဂျီးရီးယား ဓာတ်ငွေ့အား အီတလီ နိုင်ငံသို တင်ပို့ရန် ၁၀ နှစ် သက်တမ်းရှိ သဘောတူညီချက်အား မေ ၁၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အယ်လ်ဂျီးရီးယား နိုင်ငံသည် နှစ်စဉ် သဘာ၀ ဓာတ်ငွေ့၁၃၀ ဘီလီယံ ကုဗပေမီတာ ထုတ်လုပ်လျက် ရှိပြီး ၅၀ ဘီလီယံ ကုဗမီတာကို တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

အယ်လ်ဂျီးရီးယား နိုင်ငံမှ ဥရောပ သမဂ္ဂ နိုင်ငံများ၏ ဓာတ်ငွေ့လိုအပ်ချက် ၁၄ ရာခိုင်နှုန်းအား ရောင်းချ ပေးခဲ့ကြောင်းလည်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117