Africa & Middle East
ကမ္ဘာ့လှည့်နိုင်ငံခြားသားခရီးသွားဧည့်သည် နှစ်ဦးအား ရက်စက်စွာ အသတ်ခံရမှု နှင့် ပတ်သက်၍ မော်ရိုကိုနိုင်ငံ ဝန်ကြီးချုပ် ရှုတ်ချဝေဖန်
ရာဘတ်၊ ဒီဇင်ဘာ၂၁ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံဝန်ကြီးချုပ် ဆတ်အတ်ဒင်းအယ်လ်အို့သ်မန်နီ (Saad Eddine El Othmani) က ကမ္ဘာ့လှည့်နိုင်ငံခြားသားခရီးသွားဧည့်သည် နှစ်ဦး ကို မော်ရိုကိုနိုင်ငံအလယ်ပိုင်းတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ရာဇဝတ်မှု နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဒိန်းမတ် နှင့် နော်ဝေး နိုင်ငံသား အမျိုးသမီး နိုင်ငံခြားသား ခရီးသွားဧည့်သည် နှစ်ဦး ၏ ရုပ်အလောင်းကို မာရကက်မြို့ နှင့် ၆၀ ကီလိုမီတာဝေးသော အယ်လ်မလီ ခရီးသွားရွာ အနီး တွင် ဒီဇင်ဘာလ ၁၇ ရက် နေ့တွင် တွေ့ရှိခဲ့သည်။
နိုင်ငံခြားသားဧည့်သည် နှစ်ဦး အသတ်ခံခဲ့ရသည့် အထက်ပါဖြစ်ရပ်သည် မောရိုကိုနိုင်ငံ နှင့် မော်ရိုကန် လူမျိုးတို့၏ နောက်ကျောကို ထိုးနှက်မှုတစ်ခုဖြစ်ကြောင်း၊ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ်အနေဖြင့် အသတ်ခံခဲ့သည့် နိုင်ငံခြားသားနှစ်ဦး ၏ နိုင်ငံ နှင့် မိသားစုများ အပေါ်လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းစာနာမိကြောင်း၊ အပတ်စဉ် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
အထက်ပါရက်စက်သည့် ရာဇဝတ်မှုအား မော်ရိုကို နိုင်ငံသားများ အနေဖြင့် အပြည့်အဝ ရှုံ့ချကြောင်း၊ ပြစ်မှုကျူးလွန်သည့် ဒေသ၏ ရိုးရာဓလေ့ တန်ဖိုး နှင့် ဓလေ့ထုံးစံများ၊ မော်ရိုကို နိုင်ငံသားများ ၏ တန်ဖိုး နှင့် အလေ့အထများကို ရာဇဝတ်မှုက ထိခိုက်စေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ (Xinhua)