Connect with us

Africa & Middle East

ဆီးရီးယား ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ကူညီရန် နိုင်ငံတကာအသိုင်းအဝိုင်းကို လက်ဘနွန်နိုင်ငံ သမ္မတ တောင်းဆို

လက်ဘနွန်နိုင်ငံ သမ္မတ မစ်ချယ် အော်ဝန် (နောက်တန်း အလယ်လူ) အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်က ကျမ်းသစ္စာကျိန်ဆိုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ၏ စီးပွားရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် နိုင်ငံအတွင်းရှိ ဆီးရီးယား ဒုက္ခသည်များအား ၎င်းတို့၏ နိုင်ငံသို့ ပြန်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီပေးရန် သမ္မတ မစ်ချယ် အော်ဝန် (Michel Aoun) က တိုက်တွန်းပြောကြားလိုက်ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ယနေ့ လက်ဘနွန်နိုင်ငံဟာ ဘဏ္ဍာရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ဗြိတိန်-ဥရောပ လွှတ်တော်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့လိုက်ပါလာသော နာ့ဇ်မီ အော်ဂီ (Nazmi Ogi) ဗြိတိန်-အာရပ် အဖွဲ့အစည်း ဥက္ကဋ္ဌနှင့် ပြုလုပ်သည့် အစည်းအဝေး၌ မစ်ချယ် အော်ဝန်က ပြောကြားခဲ့သည်။

“လက်ဘနွန်ရဲ့ စီးပွားရေးက ဆိုးဝါးစွာ ခံစားနေရတဲ့အတွက် နိုင်ငံအတွင်းရှိ ဆီးရီးယား ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကူညီရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နှောင့်နှေးခြင်းမရှိကြဖို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအရ လက်ဘနွန်နိုင်ငံတွင် လက်ခံထားသည့် ဆီးရီးယား ဒုက္ခသည်များအရေအတွက်မှာ ၉၇၆၀၀၀ ဦးရှိသော်လည်း နိုင်ငံအတွင်း လက်ခံထားသည့် အရေအတွက်အမှန်မှာ ၁.၅ သန်းရှိကြောင်း သိရသည်။ (Xinhua)