Africa & Middle East
ကိုင်ရိုမြို့တောင်ပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် လူ၁၄ဦးသေဆုံး

ကိုင်ရို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့ တောင်ဘက် ၁၂၀ကီလိုမီတာ အကွာ Beni Sweif ပြည်နယ် တွင် ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံးခဲ့ပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ဒီဇင်ဘာ ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ခါလတ်မီဂါဟတ် က Beni Sweif ပြည်နယ် ရှိ သဲကန္တာရ အဝေးပြေးလမ်းမအရှေ့ပိုင်းတွင် ခရီးသည်တင် မီနီဘတ်စ်တစ်စီး နှင့် အခြား မော်တော်ယာဉ်တစ်စီး တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက ရုပ်အလောင်းများကို သယ်ယူရန် နှင့် ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးရန် အခင်းဖြစ်ပွားရာသို့ အရေးပေါ်လူနာတင်ယာဉ် ၁၅စီး ကို အလျင်အမြန်စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။လွန့်ခဲ့သည့် ရက်အနည်းငယ်ကလည်း ယင်းအဝေးပြေးလမ်းမပေါ်တွင် အလားတူ ယာဉ်တိုက်မှုကြောင့် လူ ၁၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။အီဂျစ်နိုင်ငံ ၌ ၂၀၁၆ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုပေါင်း ၁၄,၀၀၀မှုခန့်ကြောင့် လူပေါင်း ၅,၃၀၀ဦး သေဆုံးခဲ့ပြီး ၁၈,၆၀၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာတစ်ခုအရ သိရသည်။ (Xinhua)