Connect with us

Africa & Middle East

ဂျေရုဆလမ်မြို့ သို့ အမေရိကန်သံရုံးအားရွှေ့ပြောင်းခြင်းက အရှေ့အလယ်ပိုင်းအတွင်း ပဋိပက္ခများ ပိုမိုဖြစ်ပွားလာနိုင်

ဂျေရုဆလမ်မြို့ ၌ ပြုလုပ်သော အမေရိကန်သံရုံးသစ်ဖွင့်ပွဲ ၌ မေ ၁၄ ရက်တွင် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ညာဟု မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ရာမယ်လ်လာ၊ မေ ၁၅ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ မှ အမေရိကန်သံရုံးအား ဂျေရုဆလမ်မြို့သို့ အငြင်းပွားဖွယ် ပြောင်းရွှေ့မှု သည် အရှေ့အလယ်ပိုင်းဒေသအတွင်း မတည်ငြိမ်မှု နှင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားမှုကို ဦးတည်လာစေမည်ဖြစ်ကြောင်း ပါလက်စတိုင်းလေ့လာဆန်းစစ်သူများ ကပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် သွေးထွက်သံယိုပဋိပက္ခများ ဖြစ်ပွားနေသည့်ကြားက ဂျေရုဆလမ်မြို့ ၌ အမေရိကန်သံရုံးသစ်အား တရားဝင် ဖွင့်လှစ်မှုကို မေ ၁၄ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အစ္စရေးနိုင်ငံ နှင့် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများ စုဝေးတက်ရောက်လာခဲ့ကြသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင် ဂျေရုဆလမ် မြို့အား အစ္စရေးနိုင်ငံ ၏ မြို့တော် အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီး အစ္စရေးရှိ အမေရိကန်သံရုံးကို ယင်းအငြင်းပွားဖွယ် နေရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးညွှန်ကြားခဲ့သည်။

ဂျေရုဆလမ်မြို့အမေရိကန်သံရုံးသစ်ရှေ့တွင် မေ ၁၄ ရက်က ဆန္ဒပြသူများ စုဝေးလာစဉ် (ဆင်ဟွာ)

အကြီးတန်းအမေရိကန်ကွန်ဂရက်ကိုယ်စားလှယ်တစ်ဦး အပါအဝင် ဧည့်သည်ပေါင်း ၈၀၀ကျော်တို့သည် ဂျေရုဆလမ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး၌ ကျင်းပသော အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဆိုပါရုံးအား သံရုံးအသစ် ဆောက်လုပ်ပြီးချိန်အထိ ယာယီသံရုံးအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

အစ္စရေးနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ် စုစုပေါင်း ၈၆ဦးကို ထိုသံရုံးဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့အနက် ၄၀ဦးခန့်ကသာ ဖိတ်ကြားမှုကို လက်ခံခဲ့ကြသည်။

ပါလက်စတိုင်းလေ့လာဆန်းစစ်သူများက အာရပ်၊ အစ္စလာမ်မစ် နှင့် နိုင်ငံတကာမှ ဆန့်ကျင်မှုများ နှင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်စေသော အမေရိကန်သံရုံးပြောင်းရွှေ့မှုသည် ပါလက်စတိုင်း နှင့် အစ္စရေးအကြား ပဋိပက္ခမှုများ မြင့်တက်လာစေနိုင်သည့်အပြင် မဝေးတော့သည့် အနာဂါတ်တွင် ပြန်လည်စတင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုလည်း အဟန့်အတားဖြစ်စေနိုင်ကြောင်းပြောကြားခဲ့သည်။

မတ်လ ၃၀ ရက်မှ စ၍ ပါလက်စတိုင်းနိုင်ငံသား ထောင်ပေါင်းများစွာသည် “Great March of Return” ဆန္ဒပြပွဲဟု ထင်ရှားသည့် ဂါဇာ-အစ္စရေးနယ်စပ်ရှိ အပတ်စဉ် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့၏ ပစ်ခတ်မှုများကြောင့် ပါလက်စတိုင်းနိုင်ငံသား ၁၀၀ဦးခန့် သေဆုံးခဲ့ရသည်။

ဂါဇာမြို့ အရှေ့ဘက် နယ်စပ်တွင် ပါလက်စတိုင်း ဆန္ဒပြသူများ နှင့် အစ္စရေးတို့အကြား မေ ၁၄ ရက်က ပဋိပက္ခများဖြစ်ပွားစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်မြို့တွင် အမေရိကန်သံရုံးသစ်ဖွင့်လှစ်သည့် မေ ၁၄ ရက်တွင် ပဋိပက္ခအသစ်များ ထွက်ပေါ်လာပြီး အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံးကလေးငယ် ၂ဦးအပါအဝင် လူ ၅၂ဦး သေဆုံးခဲ့ကာ အခြားလူ ၁,၇၀၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဝက်စ်ဘန့် ပညာရှင်အဖွဲ့ဝင် နှင့် နိုင်ငံရေးလေ့လာဆန်းစစ်သူ တစ်ဦးဖြစ်သူ ဟာနီအယ်မာဆရီ က အမေရိကန်နိုင်ငံသည် ဂျေရုဆလမ်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ်သတ်မှတ်ပြီးနောက် သံရုံးအား ဂျေရုဆလမ်သို့ ပြောင်းရွှေ့လိုက်ခြင်းသည် အစ္စရေးနိုင်ငံ၏ ဟန်ဆောင်ဖြေရှင်းမှုများကို ပဋိပက္ခအဖြစ် အသွင်ပြောင်းရန် လမ်းကြောင်းခင်းပေးလိုက်ခြင်းဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

သို့သော် ဒေါ်နယ်ထရမ်က ယင်းသို့ရွှေ့ပြောင်းမှုသည် ပါလက်စတိုင်း နှင့် အစ္စရေးအကြား ငြိမ်းချမ်းရေးရရှိရန် ပိုမိုအကူအညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

သံရုံးဖွင့်ပွဲအတွင်း ထရမ်က တဲလ်အဗစ်မြို့မှ ဂျေရုဆလမ်မြို့ သို့ သံရုံးပြောင်းရွှေ့ဖွင့်လှစ်ခြင်းသည် ယခင်အချိန်များစွာကတည်းက လိုအပ်နေသော လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး အိမ်ဖြူတော် သည် အစ္စရေး နှင့် ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန် ကြိုးပမ်းရှာဖွေနေဆဲဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ဂါဇာမြို့ အရှေ့ဘက် နယ်စပ်တွင် ပါလက်စတိုင်း ဆန္ဒပြသူများ နှင့် အစ္စရေးတို့အကြား မေ ၁၄ ရက်က ပဋိပက္ခများဖြစ်ပွားစဉ် (ဆင်ဟွာ)

အဆိုပါ ဖွင့်ပွဲအတွင်း အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု က ယင်းအခမ်းအနားအား “ငြိမ်းချမ်းရေးအတွက် ကြီးမြတ်သောနေ့” အဖြစ် တင်စားပြောဆိုခဲ့သည်။

သို့သော် အယ်မာဆရီ က ဂျေရုဆလမ်မြို့ နှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်သည် ၁၉၆၇စစ်ပွဲတွင် အစ္စရေးနိုင်ငံက သိမ်းပိုက်ခဲ့သော နယ်မြေများမှ ဆုတ်ခွာရန်၊ အရှေ့ဂျေရုဆလမ် အပါအဝင် ပါလက်စတိုင်းနိုင်ငံတော် တစ်ရပ် ထူထောင်ရန် နှင့် ဂျူးတို့၏ အခြေစိုက်အိမ်ယာများ တိုးချဲ့မှုကို ရပ်ဆိုင်းရန် လိုလားသည့် အမေရိကန်နိုင်ငံ၏ ယခင်အစဉ်အလာများမှ ခွဲထွက်ရန် ကြိုးပမ်းမှုကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း က ထရမ့်အစိုးရ သည် ပဋိပက္ခများဖြေရှင်းရာတွင် အစ္စရေး၏ရပ်တည်ချက်ကို အပြည့်အဝထောက်ခံကာ ဘက်လိုက်နေသည့်အပြင် အစ္စရေးနှင့် မိတ်ဖက်ပင်ဖြစ်သွားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လေ့လာဆန်းစစ်သူ အယ်မာဆရီက အမေရိကန်၏ လုပ်ဆောင်ချက်သည် ပါလက်စတိုင်း နှင့် အစ္စရေးအကြား ပဋိပက္ခများ ပေါ်ပေါ်တင်တင် ဖြစ်ပွားစေကာ ဒေသတွင်း ရန်မီးကို လောင်စာဖြည့်ပေးသလို ဖြစ်စေမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။

ဂျေရုဆလမ်ကိစ္စသည် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ၏ အငြင်းပွားဖွယ် အဖြစ်ဆုံးကိစ္စရပ်များတွင် ပါဝင်ပြီး နှစ်နိုင်ငံအကြား အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးခဲ့သော ယင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအပြီး ကိုးလအကြာတွင် ပျက်ပြားသွားခဲ့သည်။

အမေရိကန်သံရုံးအား ပြောင်းရွှေ့သောနေ့သည် ပါလက်စတိုင်းတို့၏ ဝမ်းနည်းဖွယ်နေ့ဖြစ်သော နက်ခ်ဘာနေ့ မတိုင်ခင် တစ်ရက်ဖြစ်သည့် အစ္စရေး၏ နှစ် ၇၀ပြည့်လွတ်လပ်ရေးနေ့ နှင့် တိုက်ဆိုင်စွာ ထပ်တူကျနေကြောင်း တွေ့ရသည်။

လက်ရှိတွင် ထရမ့်သည် ကာလရှည်ဖြစ်ပွားခဲ့သော ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများအား အဆုံးသတ်ရန် “သဘောတူညီချက် ရာစုနှစ်” ဟု အမည်ပေးထားသည့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ခု ကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်။

သို့သော် ယင်းအစီအစဉ်သည် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုအပေါ် အမေရိကန်နိုင်ငံ၏ တစ်ဦးတည်းခြယ်လှယ်မှု ဖြင့် နိုင်ငံပေါင်းစုံဆက်ဆံရေးမူဘောင်တစ်ခုကို ဖန်တီးရန် ဖြစ်၍ အဆိုပါ အစီအစဉ်အား ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ယခင်ကတည်းက ပယ်ချခဲ့လေသည်။

ရာမယ်လ်လာ အခြေစိုက် သတင်းလေ့လာဆန်းစစ်သူ ဟာမာဒါဖာရာနား က ထရမ့်လက်အောက်ရှိ အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံ၏ အကျိုးအမြတ်နှင့် သဟဇာတဖြစ်အောင် အစ္စရေး နှင့် ညှိနှိုင်းဆောင်ရွက်ပြီး “သဘောတူညီချက် ရာစုနှစ်” အစီအစဉ်အား ပြီးမြောက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယင်းအား ပါလက်စတိုင်းနိုင်ငံသားအားလုံးက ဆန့်ကျင်ပယ်ချခဲ့ပြီး နယ်ပယ်အဆင့်အတန်းအမျိုးမျိုးမှ ပါလက်စတိုင်းနိုင်ငံသားတို့၏ ပြင်းထန်သော တုံ့ပြန်မှုဖြင့် သေချာပေါက်ရင်ဆိုင်ရမည်ဟု ပြောကြားခဲ့သည်။

၎င်းက ပါလက်စတိုင်း၏ ပယ်ချမှုအား ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ နှင့် ရုရှားနိုင်ငံတို့က ကျောထောက်နောက်ခံပေးထားကြောင်း ထောက်ပြပြောဆိုခဲ့သည်။

သို့ဖြစ်၍ ရန်ဖက်နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေး ရရှိရန် အကြောင်းပြချက်ဖြင့် လုပ်ဆောင်နေသည့် ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ချက်များသည် စစ်မှန်သော ငြိမ်းချမ်းရေးကို အမြန်ဆုံး မဆောင်ကြဉ်းပေးနိုင်ပါက အချိန်ကြာမြင့်သည်နှင့်အမျှ နှစ်နိုင်ငံ အကြား ပဋိပက္ခများ မြင့်တက်လာပြီး အကျိုးဆက်ကို အပြစ်မဲ့ပြည်သူများက သာ ခံစားကြရမည်ဖြစ်လေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.