Connect with us

Africa & Middle East

ဆီးရီးယား စစ်ဘက်ဆိုင်ရာက အစ္စရေး နိုင်ငံ သည် ဆီးရီးယား လေတပ် စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြား

အစ္စရေး စစ်တပ် မှ ဆီးရီးယား လေတပ် စခန်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ က ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့စဉ်(ဓာတ်ပုံ-အင်တာနက်)

ဒမတ်စကပ် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာက ဆီးရီးယား နိုင်ငံ ၏ မြို့တော် ဒမတ်စကပ်မြို့ အနောက်တောင်ပိုင်းရှိ လေတပ် စခန်း တစ်ခုသည် ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်း တွင် အစ္စရေး နိုင်ငံ တိုက်လေယာဉ် ၏ ဒုံးကျည် ဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း ထုတ်ပြန် ခဲ့သည်။

ထို့နေ့နံနက် တွင် ဆင်ဟွာ သတင်းထောက် မှာ ဒမတ်စကပ် မြို့လယ် တွင် ရှိနေပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကို ကြားခဲ့ရသည်။ တိုက်ခိုက်ခံရသည့် လေတပ် စခန်းသည် မီးလောင်မှု များဆက်လက် ဖြစ်ပွားခဲ့ပြီး မီးသတ်ကားများ အဆက်မပြတ်သွားရောက် နေသည် ကို တွေ့ရှိခဲ့ရသည်။ လက်ရှိချိန်တွင် ဆီးရီးယား စစ်ဘက်ဆိုင်ရာ မှ ထိခိုက်သေဆုံးသည့် စာရင်းအား ထုတ်ပြန်ခဲ့ခြင်း မရှိသေးကြောင်း သိရှိရသည်။

ဆီးရီးယား အစိုးရ ၏ ထုတ်ပြန်ချက်အရ အစ္စရေး နိုင်ငံ ၏ ယခု ကဲ့သို့ဆောင်ရွက်ခြင်းသည် အကြမ်းဖက် အဖွဲ့ကို ကူညီ လိုသောကြောင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ယခု ကဲ့တို့ အကြောင်းမဲ့ ရုတ်တရတ် တိုက်ခိုက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် အားလုံးကို အစ္စရေး နိုင်ငံ က တာဝန်ယူရမည် ဖြစ်ကြောင်း ၊ ဆီးရီးယား အစိုးရ တပ်ဖွဲ့အနေဖြင့် ဆက်လက်၍ ဆီးရီးယား နိုင်ငံ အတွင်းရှိ အကြမ်းဖက် အဖွဲ့ ကို အလုံးစုံ ပျောက်ကွယ်သည့် အထိ ချေမှုန်းသွားမည် ဖြစ်ကြောင်း အထူး ပြောကြား ခဲ့သည်။

ဆီးရီးယား နိုင်ငံ နှင့် အစ္စရေး နိုင်ငံ တို့သည် ကာလတစ်လျှောက် နယ်မြေ အငြင်းပွားမှု များရှိခဲ့ပြီး ဆီးရီးယား သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အစ္စရေး နိုင်ငံ သည် ဆီးရီးယား နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ တွင်လည်း အစ္စရေး စစ်တပ် သည် ယခု တိုက်ခိုက်ခံရသည့် လေတပ် စခန်းကို ဒုံးကျည်များစွာဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.