Connect with us

Africa & Middle East

အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အရာရှိ ၁၈ ဦးအား ဓါတု လက်နက် ကိစ္စရပ် နှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူမှု ဆောင်ရွက်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဆီးရီးယား နိုင်ငံ၏ ဓါတု လက်နက် အသုံးပြုခြင်း နှင့်ပတ်သက်၍ မဲခွဲ ဆုံးဖြတ်ခဲ့စဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် စီးပွားရေး ဝန်ကြီးဌာန က ဆီးရီးယား အစိုးရ တပ်ဖွဲ့ မှ ဓါတု လက်နက် အသုံးပြုခြင်း နှင့် ပတ်သက် နေသည့် ဆီးရီးယား အရာရှိ ၁၈ ဦးအား ပိတ်ဆို့အရေးယူကြောင်း ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဓါတု လက်နက် တားဆီးရေး အဖွဲ့အစည်း နှင့် ကုလသမဂ္ဂ တို့မှ ၂၀၁၆ ခုနှစ် သြဂုတ်လ နှင့် အောက်တိုဘာလ တို့တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့အနေဖြင့် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် တို့တွင် ကလိုရင်း ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခြင်း ကို ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ၊ ပူးပေါင်းစုံစမ်းစစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်အရ အမေရိကန် အစိုးရ အနေဖြင့် ထိုဓါတုလက်နက် အသုံးပြုခြင်းနှင့် ပတ်သက်နေသည့် အရာရှိများကို ပိတ်ဆို့အရေးယူခြင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ပိတ်ဆို့အရေးယူခြင်းခံရသူများ၏ အမေရိကန် နိုင်ငံ အတွင်းရှိ သက်ဆိုင်သည့် ပိုင်ဆိုင်မှု အားလုံးကို ထိန်းချုပ်မည်ဖြစ်ပြီး အမေရိကန် နိုင်ငံ သားများ အနေဖြင့် ထိုသူများနှင့် တွေ့ဆုံဆက်သွယ်မှု ကို ပိတ်ပင် သွားမည်ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ လ တွင် ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန က ဓါတု လက်နက် တာဆီးရေး အဖွဲ့အစည်း နှင့် ကုလသမဂ္ဂ တို့မှ ဆီးရီးယား အစိုးရ အနေဖြင့် ဓါတု လက်နက် အသုံးပြုခဲ့သည် ဆိုသော စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီး ထိုစွပ်စွဲချက်သည် သက်သေ အထောက်အထား ပြည်စုံခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှု အဖြေသည် တိကျမှန်ကန်မှု မရှိကြောင်း ပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ တွင် ဓါတု လက်နက် တာဆီးရေး အဖွဲ့အစည်း က ၂၀၁၄ ခုနှစ် ဧပြီ လ မှ သြဂုတ်လ အတွင်း ဆီးရီးယား အချို့ဒေသ များတွင် ကလိုရင်း ဓာတ်ငွေ့ အား လက်နက် အဖြစ် အသုံးပြုသည့် ကိစ္စရပ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ယင်းကိစ္စရပ် နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့အစည်း အနေဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ တွင် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် တို့တွင် ဆီးရီးယား နိုင်ငံ အတွင်း ဖြစ်ပွား ခဲ့သည့် ဓါတု လက်နက်ဖြင့် တိုက်ခိုက်မှု ၉ ခု ကို စတင် စုံစမ်းစစ်ဆေးခဲ့ပြီး အစီရင်ခံစာ ၄ ခု တင်ပြ ခဲ့သည်။ အစီရင်ခံစာ အရ ထို ဓါတု လက်နက်ဖြင့် တိုက်ခိုက်မှု များအနက် ၃ ခု သည် ဆီးရီးယား အစိုးရ တပ်ဖွဲ့ မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတ်မှတ် ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117