Africa & Middle East
ဆီးရီးယား အစိုးရ တပ်ဖွဲ့ က Raqqa ပြည်နယ် တောင်ပိုင်း ရှိ နယ်မြေအများအပြား ကို ပြန်လည် သိမ်းပိုက်
ဒမက်စကက်စ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ သတင်းဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့သည် ဇူလိုင်လ ၁၉ ရက်နေ့၌ Raqqa ပြည်နယ် တောင်ပိုင်း တွင် IS အစွန်းရောက် အဖွဲ့အစည်း ကို တိုက်ခိုက်သည့် စစ်ဆင်ရေး တွင် နယ်မြေအများအပြား ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့သည် Raqqa ပြည်နယ် တောင်ပိုင်း ဒေသတွင် IS အစွန်းရောက် အဖွဲ့အစည်း အဖွဲ့ဝင် အချို့ကို ရှင်းလင်း နိုင်ခဲ့ပြီး တင့်ကား တစ်စင်း နှင့် ကား ၄ စင်းကို ဖျက်စီး နိုင်ခဲ့ကြောင်း ၊ ထို့ပြင် မြို့တစ်မြို့ ၊ ရေနံမြေ တစ်ခု နှင့် ရေနံတွင်း ၁၅ တွင်း ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ၊ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် Raqqa ပြည်နယ် တောင်ပိုင်း စစ်ဆင်ရေး ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အခြားသတင်းဖော်ပြချက်များအရ Kurd လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သည့် ဆီးရီးယား အမျိုးသား တပ်ဖွဲ့ သည်လည်း Raqqa ပြည်နယ် မြို့တော် Raqqa မြို့ ရှိ IS လက်နက်ကိုင် တပ်ဖွဲ့ ကို တိုက်ခိုက်ခဲ့ကြပြီး အမေရိကန် နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့ ၏ ထောက်ပံ့မှု ဖြင့် ဆီးရီးယား အမျိုးသား တပ်ဖွဲ့ သည် Raqqa မြို့ ကို ဝန်းရံထားပြီး ဖြစ်ကာ မြို့တွင်း သို့ ဆက်လက်၍ ချီတက် တိုက်ခိုက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
ဗြိတိန် နိုင်ငံ လန်ဒန် မြို့တွင် ရုံးချုပ် အခြေစိုက်သည့် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှု အဖွဲ့အစည်း က အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ ၏ ဇူလိုင်လ ၁၉ ရက်နေ့၌ ဆောင်ရွက်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှု ကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား စုစုပေါင်း ၁၅ ဦး သေဆုံး ခဲ့ရကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
Raqqa မြို့ သည် ဆီးရီးယား နိုင်ငံ မြောက်ပိုင်းတွင် တည်ရှိသည့် မြို့ တစ်မြို့ဖြစ်ပြီး IS အစွန်းရောက် တပ်ဖွဲ့ ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ ဌာနချုပ် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)