Africa & Middle East
ဆော်ဒီအာရေဗျနိုင်ငံရောက် ထိုင်းဘုရားဖူးများအား ကူညီရန် ကျန်းမာရေးအဖွဲ့များ ထိုင်းနိုင်ငံ စေလွှတ်ရန်ရှိ
ဘန်ကောက်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံက ယခုနှစ်ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်မည့် ထိုင်းဟာ့ဂျ်ဘုရားဖူး ခန့်မှန်းခြေ ၈,၀၀၀ ဦးအား ကူညီရန် ကျန်းမာရေးအဖွဲ့များစေလွှတ်ရေးစီစဉ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျရှိ ထိုင်းဘုရားဖူးများ၏ ကျန်းမာရေးအား ကြီးကြပ်ရန် ကျန်းမာရေးအဖွဲ့ ၃ ဖွဲ့အား စေလွှတ်မည့် ကြေညာချက်တစ်စောင်တွင် ဝန်ကြီးဌာနက ပြောခဲ့သည်။
အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ကျန်းမာရေးအဖွဲ့တစ်ဖွဲ့က ဇူလိုင်လ ၂ ရက်ညပိုင်းတွင် ဆော်ဒီအာရေဗျသို့ ထွက်ခွာသွားခဲ့ကြောင်း၊ ဒုတိယအဖွဲ့က ဇူလိုင်လ ၁၂ ရက်နှင့် တတိယအဖွဲ့က ဇူလိုင်လ ၂၂ ရက်တွင် လည်းကောင်း သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်မည့် ထိုင်းဘုရားဖူးများအား ကျန်းမာရေးစောင့်ရှောက်ရန် ကျန်းမာရေးအဖွဲ့များ နှစ်စဉ်စေလွှတ်လျက်ရှိသည်။
မက္ကာ၊ မက်ဒီနာမြို့များရှိ အရေးပေါ်လူနာများနှင့် ဆေးရုံတက်ရောက်ကုသနေသူများအား ကျန်းမာရေစောင့်ရှောက်မှုပေးရန် ယာယီဆေးရုံတစ်ရုံကိုလည်း တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)