Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့ က ယီမင်နိုင်ငံ မြောက်ပိုင်း ကို လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ လူပေါင်း အနည်းဆုံး ၅၀ ဦး သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့ က သြဂုတ်လပိုင်း တွင် ယီမင် နိုင်ငံ မြို့တော် အား ဗုံးကျဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့စဉ်(ဆင်ဟွာ)

ကိုင်ရို ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ လုံခြုံရေး ဌာန ၏ သတင်းအချက်အလက် အရ ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် မဟာမိတ် တပ်ဖွဲ့သည် နိုဝင်ဘာ ၇ ရက်နေ့၌ ယီမင် နိုင်ငံ အနောက်မြောက်ပိုင်း Hajjah ပြည်နယ်ရှိ ကျေးရွာ တစ်ခု ကို လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှု ဆောင်ရွက် ခဲ့သောကြောင့် လူပေါင်း အနည်းဆုံး ၅၀ ဦး သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိခဲ့ရသည်။

ယီမင် နိုင်ငံ လုံခြုံရေး ဌာန ရှိ အမည်မဖော်လိုသူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် တိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာသည် ဆော်ဒီအာရေဗျ နိုင်ငံ နယ်နိမိတ် အနီးတွင် တည်ရှိပြီး သေဆုံးဒဏ်ရာရရှိသူများ တွင် အမျိုးသမီး နှင့် ကလေးငယ် များလည်း ပါဝင်ကြောင်း ပြောကြား ခဲ့သည်။

ဒေသတွင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး က လက်ရှိချိန်ထိ ဗုံးကျဲ လေယာဉ်များသည် ဝေဟင်တွင် လှည့်လည် ပျံသန်းမှုများ ပြုလုပ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် အတွက် အတားအဆီး ဖြစ်စေခဲ့သောကြောင့် သေဆုံး ဒဏ်ရာရရှိမှု စာရင်း အတိအကျ ကို မပြုလုပ်နိုင်သေးကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi က ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့သည် နိုဝင်ဘာ ၁ ရက်နေ့၌ ယီမင် နိုင်ငံ မြောက်ပိုင်း ဒေသရှိ ဟိုတယ် တစ်ခုအား ဗုံးကျဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ အရပ်သား ၂၉ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.