Africa & Middle East
ဇင်ဘာဘွေနိုင်ငံတွင် ကားခေါင်းချင်းဆိုင်တိုက်မိ၍ လူ ၁၁ဦးသေဆုံး
ဟာရာရီ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံ နှင့် မိုဇမ်ဘစ်နိုင်ငံ နယ်စပ်ရှိ Nyampanda မြို့သို့ Harareမြို့မှ ဆက်သွယ်ထားသော ၄၉ကီလိုမီတာ ရှိသည့် အဝေးပြေးလမ်းမကြီး တစ်လျှောက်၌ ဒီဇင်ဘာ ၁၆ ရက်တွင် မီနီဘတ်စ်၂စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ လူ ၁၁ဦး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ Paul Nyathi က ဘတ်စ်ကားတစ်စီး၏ တာယာ ကွဲထွက်သွားပြီးနောက် အခြားယာဉ်ကြောမှ မောင်းနှင်းလာသည့် ဘတ်စ်ကားနှင့် တိုက်မိကာ လူကြီး ၁၀ဦး နှင့် ကလေး တစ်ဦးသေဆုံးခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
၎င်းက ယခုအချိန်အထိ ကလေးငယ်တစ်ဦး နှင့် လူကြီ ၁၀ဦးသေဆုံးခဲ့ပြီး အသေးစိတ်အချက်အလက်များ ထပ်မံထုတ်ပြန်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)