Africa & Middle East
ဇင်ဘာဘွေ သမ္မတ မဲဆွယ်စည်းရုံးပွဲတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံး ၄၆ ဦး ဒဏ်ရာ၇

ဟာရာရီ ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံ ဘူလာဝါယိုမြို့၌ ဇွန်လ ၂၃ ရက်က ကျင်းပသော သမ္မတ မဲဆွယ်စည်ရုံးရေးပွဲ တစ်ခု တွင် ဗုံးဖောက်ခွဲမှု ကြောင့် လူ ၂ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇင်ဘာဘွေအစိုးရအရာရှိ တစ်ဦးက ဇွန်လ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၄၈ ဦး ရှိပြီး ဘူလာဝါယို(Bulawayo)တွင် ဆေးကုသမှုခံယူ လျက်ရှိရာ ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ကြောင်း အစိုးရအဆင့်မြင့် အရာရှိတစ်ဦးက မီဒီယာများကို ပြောကြားခဲ့သည်။
ဇွန် ၂၃ ရက်တွင် သမ္မတ အမ်မာဆန် မနန်ဂါကွ( Emmerson Mnangagwa)က ဇင်ဘာဘွေနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဘူလာဝါယိုမြို့ရှိ အားကစားကွင်းတစ်ခုတွင် မဲဆွယ်စည်းရုံးပွဲပြုလုပ် ခဲ့ရာ ပွဲပြီးခါနီး စင်မြင့်အနားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိ ထိုကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
သမ္မတ အမ်မာဆန် မနန်ဂါကွ( Emmerson Mnangagwa)နှင့် ဒုတိယသမ္မတ Constantino Chiwengaတို့မှာမူ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၎င်းတို့နှစ်ဦးအား လုံခြုံရာနေရာသို့ အလျင်အမြန်ရွှေ့ပြောင်းပေးခဲ့ကြောင်း ၊သို့သော်လည်း ဒုတိယသမ္မတ Kembo Mohadi ၊အစိုးရအရာရှိအချို့နှင့်ပွဲတွင်ပါဝင်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိ သူက ပြောကြားခဲ့သည်။
“ပေါက်ကွဲမှုက ကျွန်တော့်အနားလေးမှာဖြစ်တာပါ။ ဒီဖောက်ခွဲမှုကို နိုင်ငံရေးရန်ဘက်တွေက လုပ်တာ ပါ။ ဒီလို လုပ်ကြံမှုတွေကို ကျွန်တော်ရဲ့တစ်သက်နှစ် ၇၀အတွင်းမှာ အကြိမ်များစွာကြုံခဲ့ဖူးပါတယ်”ဟု သမ္မတ အမ်မာဆန် မနန်ဂါကွ( Emmerson Mnangagwa)က ဇွန်၂၃ ရက် ညပိုင်း ဇင်ဘာဘွေနိုင်ငံ ပိုင်ရုပ်မြင်သံကြားဌာန ၏တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ (Xinhua)