Connect with us

Africa & Middle East

တရုတ်နိုင်ငံက ဂျုံစေ့ ၁,၀၆၇ တန် လက်ဘနွန်နိုင်ငံသို့ လှူဒါန်း

လက်ဘနွန်နိုင်ငံ လူမှုရေးရာဝန်ကြီး Richard Kuyumjian (ယာ) နှင့် လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Wang Kejian (ဝဲဘက်ပထမလူ) တို့ ဇူလိုင်လ ၂ ရက်က လက်မှတ်ရေးထိုးနေကြစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လက်ဘနွန်နိုင်ငံရှိ ရပ်တည်ရန်ခက်ခဲသော နိုင်ငံသားများနှင့် ဆီးရီးယားဒုက္ခသည်များအတွက် ဂျုံစေ့ ၁,၀၆၇ တန်အား ဇူလိုင်လ ၂ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဒီလို တရုတ်နိုင်ငံကနေ လက်ဘနွန်နိုင်ငံ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု၊ လူမှုရေးနဲ့ နိုင်ငံအဆင့် ကူညီပေးတာ ပထမဆုံးတော့မဟုတ်ပါဘူး” ဟု ဘေရွတ်မြို့ရှိ ဝန်ကြီးဌာနရုံးချုပ်တွင် ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲ၌ လူမှုရေးဆိုင်ရာဝန်ကြီး Richard Kuyumjian က ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Wang Kejian နှင့် သဘောတူချက် လက်မှတ်ရေးထိုးခဲ့သည့် ဝန်ကြီး Kuyumjian က တရုတ်နှင့် လက်ဘနွန် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

ထို့နောက် လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Wang Kejian က အဆိုပါ လှူဒါန်းမှုက ဆီးရီးယားဒုက္ခသည်များနှင့် လက်ဘနွန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ ဆီးရီးယားနိုင်ငံနှင့် ယီမင်နိုင်ငံရှိ ၎င်းတို့ကို လက်ခံထားသည့် အသိုင်းအဝိုင်းအား ထောက်ပံ့ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အရှေ့အလယ်ပိုင်းဒေသတွင် စိတ်ချရသော တည်ငြိမ်မှုရှာဖွေစဉ် ဒေသဆိုင်ရာ ပဋိပက္ခများအား ဖြေရှင်းရေးအတွက် လုပ်ကိုင်ရန် ကတိပြုထားသည်ဟု Wang က အခိုင်အမာပြောခဲ့သည်။ (Xinhua)