Connect with us

Africa & Middle East

တူနီးရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၂၆ ဦးအား အတည်ပြု


တူးနစ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံတွင် စက်တင်ဘာလ ၁၅ ရက်၌ ကျင်းပရန် လျာထားသည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၂၆ ဦးအား သြဂုတ်လ ၁၄ ရက်က အတည်ပြုလိုက်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ လွတ်လပ်သော အဆင့်မြင်အာဏာပိုင်အဖွဲ့ (ISIE) က ကြေညာလိုက်သည်။

“မကြာမီကျင်းပတော့မယ့် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူ ၉၇ ဦးထဲက ၂၆ ဦးကို ခွင့်ပြုလိုက်ပါတယ်” ဟု မြို့တော် တူးနစ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ISIE ဥက္ကဋ္ဌ နာဘီလ် ဘက်ဖ်ဖွန် (Nabil Baffoun) က ပြောခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ လွတ်လပ်သော အဆင့်မြင်အာဏာပိုင်အဖွဲ့ (ISIE) ဥက္ကဋ္ဌ နာဘီလ် ဘက်ဖ်ဖွန် (ယာမှ စတုတ္ထမြောက်လူ) အား သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ISIE က အတည်ပြုလိုက်သည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် တူနီးရှားနိုင်ငံ၏ သမ္မတဟောင်း မွန်ဆပ် မာဇူကီ (Moncef Marzouki) ၊ Islamist Ennahda Party ၏ ဒုတိယခေါင်းဆောင် အဗ္ဗဒဲလ်ဖတ်တာ မော်ရူ (Abdelfattah Mourou) ၊ ကာကွယ်ရေးဝန်ကြီးဟောင်း အဗ္ဗဒဲလ်ကာရင်မ် ဇီဒီ (Abdelkarim Zbidi) နှင့် အမျိုးသမီး ၂ ဦး အပါအဝင် ဖြစ်ကြောင်း သိရသည်။

သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ရန် နောက်ဆုံး ကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ်လ ၃၁ ရက်တွင် ကြေညာမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.