Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီး ၉၁ နာရီကြာပြီးနောက် လေးနှစ်အရွယ် မိန်းကလေးကို ကယ်တင်နိုင်ခဲ့၊ ငလျင်ကြောင့် သေဆုံးသူ ၁၀၂ ဦး အထိရှိလာ

တူရကီနိုင်ငံ Izmir ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျနေသည့် အဆောက်အအုံတစ်ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် အင်အားပြင်းထန်သည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်အပြီး ၉၁ နာရီအကြာတွင် ကယ်ဆယ်ရေးလုပ်သားများက အဆောက်အအုံတစ်ခု၏ အပျက်အစီးများအောက်မှ လေးနှစ်အရွယ် မိန်းကလေးကို ကယ်တင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၃ ရက်၌ ဒေသမီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ မိန်းကလေးကို အုတ်ကျိုးများကြားမှ ကယ်ဆယ်ရေးလုပ်သားများ ဆွဲထုတ်နေသည်ကို NTV က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ကယ်ဆယ်ရေးအဖွဲ့သည် အဆိုပါမိန်းကလေးကို ၎င်းနေထိုင်ရာ တိုက်ခန်း၏မီးဖိုဆောင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက NTV သို့ ပြောခဲ့သည်။

တူရကီနိုင်ငံ Izmir ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ဒဏ်ရာရသူတစ်ဦးကို ကယ်ဆယ်ရေးသမားများက လွှဲပြောင်းနေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တူရကီနိုင်ငံ Izmir ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျနေသည့် အဆောက်အအုံတစ်ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ Izmir ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျနေသည့် အဆောက်အအုံတစ်ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ သဘာဝဘေးနှင့် အရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (AFAD) က ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀၂ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း လူ ၁,၀၂၆ ဦး ရှိကြောင်းပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ပြည်နယ်အတွင်း ပြိုကျခဲ့သည့် အဆောက်အအုံ ငါးလုံး၏ အနီးတစ်ဝိုက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နေ့ညမပြတ်လုပ်ဆောင်လျက်ရှိကြောင်း AFAD က ဖြည့်စွက်ပြောခဲ့သည်။
Izmir ပြည်နယ် Seferihisa ခရိုင်၊ အေဂျီယံပင်လယ်ပြင်ပတွင် အောက်တိုဘာ ၃၀ ရက်က ပြင်းအား ၆.၆ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.