Africa & Middle East
တူရကီအလယ်ပိုင်းတွင် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်တစ်စီးဆင်းသက်စဉ် မတော်တဆမှုဖြစ်၍ လူ ၁ဦးသေဆုံး

အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံအလယ်ပိုင်း Nigde ပြည်နယ် ရှိ ရဲသင်တန်းကျောင်းတစ်ခုတွင် စက်တင်ဘာ ၂၀ ရက်က ရဲရဟတ်ယာဉ် တစ်စီးဆင်းသက်စဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦး သေဆုံးပြီး အခြားရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Dogan သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ရဟတ်ယာဉ် မြေပြင်သို့ ဆင်းသက်စဉ် လေ့ကျင့်ရေးမှူးဖြစ်သော Abdullah Yildirim (၂၇နှစ်) အမည်ရှိ အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးသည် ရဟတ်ယာဉ် အမြီးမှ ပန်ကာနှင့် ရိုက်မိပြီးသေဆုံးသွားကြောင်း သတင်းအရသိရှိရသည်။
အခြား ရဲအရာရှိတစ်ဦးဖြစ်သည့် Azim Dogan (၂၅နှစ်) ၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုပေးထားကြောင်း သိရသည်။ (Xinhua)