Connect with us

Africa & Middle East

အီရန်ခေါင်းဆောင်က နျူကလီးယားအရေးနှင့်ပတ်သက်၍ အမေရိကန်အား အချိန်ဖြုန်းနေကြောင်း ပြော

ကုလသမဂ္ဂတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသော အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ အား တွေ့ ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံခေါင်းဆောင်က ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသည် “ အချိန်ဖြုန်းနေ” ကြောင်း ပြောကြားလိုက်သည်ဟု ဒေသတွင်းမီဒီယာက စက်တင်ဘာ ၂ဝ ရက်တွင်သတင်းဖော်ပြခဲ့သည်။

အီရန်နိုင်ငံသမ္မတဟက်ဆန်ရိုဟာနီက အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အစိုးရသည် ၂ဝ၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်အပေါ် ပြန်လည်သုံးသပ်ခြင်း နှင့် အကယ်၍ အမေရိကန်အစိုးရအနေဖြင့် ယင်းသဘောတူညီချက်အား ပယ်ဖျက်မည်ဆိုပါက အီရန်နိုင်ငံအနေဖြင့် “ ရွေးချယ်စရာ နည်းလမ်းများစွာရှိ” ကြောင်း ပြောကြားခဲ့သည်ဟု IRNA သတင်းက ဆိုသည်။

“ အမေရိကန်အစိုးရဟာ သူတို့ရဲ့ လုပ်ဆောင်ချက်ကို နိုင်ငံတကာကတိကဝတ်တွေမှာ တရားဝင်အောင် နဲ့ ဥပဒေအရဖြစ်အောင် ကြိုးပမ်း လုပ်ဆောင်နေတာ ၊ ပြောဆိုဆွေးနွေးမှုတစ်ခုဟာ အချိန်ဖြုန်းနေခြင်းသက်သက် ပါပဲ ” ဟု ကုလသမဂ္ဂအထွေထွေညီလာခံအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရိုဟာနီက ပြောကြားခဲ့သည်။

နျူကလီးယားသဘောတူညီချက်နှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်က “ စိတ်အနှောင့်အယှက်ဖြစ်စရာ” ဟု ပြောကြားပြီး တစ်ရက်အကြာတွင် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်ခ်က တွေ့ဆုံဆွေးနွေးရေး တံခါးပြန်ဖွင့်ရန် မေးခွန်းထုတ်စရာမရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

ရိုဟာနီက အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် သဘောတူညီချက်ကို “ အတင်းအကြပ်”ဖယ်ရှားမည်ဆိုပါက အီရန်နိုင်ငံအနေဖြင့် ရွေးချယ်စရာနည်းလမ်းများစွာ ရှိကြောင်း ပြောကြားခဲ့သည်။

“ အီရန်က ဘယ်တော့မှ ပိုင်ဆိုင်ဖို့လုပ်မှာမဟုတ်ပါဘူး။ နျူကလီးယားလက်နက်တွေက အခုလည်းမထုတ်ဘူး။ ဘယ်တော့မှလည်း ထုတ်မှာမဟုတ်ဘူး” ဟုပြောကြားခဲ့သည်။

ယူရေနီယံသတ္တုသန့်စင်ခြင်း အငြင်းပွားမှုနှင့်ပတ်သက်၍ ၎င်းကို အရပ်ဘက်တွင်အသုံးပြုရန်အတွက်ဖြစ်ကြောင်း အီရန်က ပြောကြားထားသော်လည်း အစ္စရေးဦးဆောင်သော ဝေဖန်သူများကမူ ၎င်းကို နျူကလီးယားလက်နက်များအတွက် ရည်ရွယ်ကြောင်း ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.